"If all it is is eight letters, why is it too hard to say ? "
"ဖုန်းလာတယ် တေး"
"မာမား ဆက်တာ"
တေးလည်း တီဗီ အသံကို တိုး၍ ဖုန်းကို ဖြေဖို့ ပြင်ရသည်။ စားလက်စ မုန့်ထုပ်ကတော့ နွေဦး လက်ထဲမှာ ထိုးပေးလိုက်သည်။
အိမ်စောင့် ကျန်ခဲ့တဲ့ တေးမှာ နမော်နမဲ့ နိုင်တတ်လွန်း၍ မာမားဆီမှာလည်း သော့အပိုတစ်ချောင်း ယူသွားတာမလို့ ခြံတံခါး လာဖွင့်ခိုင်းတာတော့ မဖြစ်နိုင်။
"ဟယ်လို မာမားရယ်။ ဘာကျန်ခဲ့ပြန်ပြီလဲ။ သား ပြောပါတယ်။ သေချာ ပြန်စစ် ..."
"တေးမြတ်မောင်"
"ဟီး ... စတာ။ စတာ။ မာမားကလည်း"
အကွက်ဝင်တာနဲ့ ကိုယ့်ကို ပြန်ဆရာလုပ်ချင်နေတဲ့ သားသမီးကို ဒေါ်မူယာခင် ဝင်ရိုက်ပစ်ချင်ပေမဲ့ ကိုယ်တစ်ဖက်သတ် ချွေးမက်တော်ထားသည် ကလေးက ရှိနေသည်မလား။
တကယ်ပါပဲလေ။ သူတို့ခေတ်ကျမှ ကိုယ်တော်ထားရတာ သားမက်မှန်း ချွေးမမှန်းတောင် မသေချာတဲ့အဖြစ်။ အင်း ... ချစ်တော့လည်း အလိုလိုက်ရမှာပေါ့။
ကိုယ့်သားသမီးမှ မဟုတ်ဘူး။ ဘယ်သူ၊ ဘယ်သတ္တဝါမျိုးကိုမဆို စိတ်ဆင်းရဲရအောင် လုပ်မိရင် နှစ်ဦးနှစ်ဖက်လုံးအတွက် ကောင်းလာမဲ့ ကိစ္စတွေမှ မဟုတ်ပဲ။
ကိုယ်မွေးထားတဲ့ သားသမီးရဲ့ ဖြစ်တည်မှုကို ကိုယ်တိုင်က နှိမ့်ချပြောဆို ဆက်ဆံနေရင် ပိုပြီး ဖိနှိပ်မဲ့ ပတ်ဝန်းကျင်မှာ ဒီကလေး ဘယ်လို ရှင်သန်သွားရမလဲ။ မိဘဆိုတာ အရွယ်ရောက်လာတဲ့ သားသမီးကို ပျော်ရွှင်စေဖို့ လုံးဝ စွမ်းနိုင်တော့သူတွေ မဟုတ်ရင်တောင် အကြံကောင်းတွေ ပေးနိုင်မဲ့၊ နွေးထွေးတဲ့ ရင်ခွင်တစ်ခု၊ အသိုက်အမြုံလေးတစ်ခုအဖြစ်တော့ ဖြစ်ပေးသင့်တယ် မဟုတ်လား။
"မာမား ဒီည ဆေးရုံစောင့်ပေးမလို့ တေး"
အတွင်းက ပိတ်ထားတဲ့ အိမ်သော့လေးကို ဒေါ်မူယာခင် တစ်ချက် ပြုံးကြည့်ရင်း ပြန်လှည့် ထွက်လာလိုက်သည်။ ထို့နောက်တွင်တော့ ဖုန်းကို ပုခုံးနဲ့ ညှပ်ပြီး ပြောရင်းနဲ့ပင် ခြံတံခါးကို အသာလေး ပိတ်ရသည်။
YOU ARE READING
Spring's Melody (TomxTom - Completed)
De Todo⚠ Tomboy x Tomboy ⚠ Font: Unicode + Zawgyi Genre: Romance Start date: 7.2.2022 End date: 7.12.2022 Credit to original photo owner for cover.