"ဖတ်"
"လက်က ငြိမ်ငြိမ်နေလေ"
"အသည်းယားလို့"
စိတ်ကောက်သွားပုံရတဲ့ မျက်နှာသေကြီးနဲ့ ဆောင်းဦးဖားပြုတ်ကို တေးကပဲ ပြန်ချော့သည့် သဘောဖြင့် သူ့လက်ထဲကို ခေါင်းစည်းကြိုးဘူးလေး သွားထည့်ပေးလိုက်တော့ သကောင့်သားက သဘောတကျ စည်းပေးလာကာ လက်ဖြင့် တောက်နေသည်။
"ငါ ဆံပင် နည်းနည်း ညှပ်ဦးမှာ။ ဒီ့ထက် ရှည်လာရင် ငါ ဘာမှမမြင်ရတော့ဘူး"
"အလယ်ခွဲလိုက်လေ"
"မလိုက်ဘူး။ ခွဲကြည့်ဖူးတယ်"
"ဟင်း ... ဟုတ်ပါပြီ။ မင်း ညှပ်ရင် ငါ လိုက်ခဲ့မယ်လေ"
"အွန်း လိုက်ခဲ့လေ"
"တေး"
"ပြော"
ဂိမ်းဆော့တုန်းက သုံးထားတဲ့ နားကြပ်တွေ၊ ပါဝါဘန့်တွေနဲ့ အိပ်ယာပေါ် ရောက်နေတဲ့ Laptop တို့ကို သူ့နေရာနဲ့သူ ပြန်ထားရင်း တေး ခပ်ဆောင့်ဆောင့် ထူးလိုက်သည်။
"မင်း အရက်သောက်ဖူးလား"
"ဟင် ... ဘာကြီး"
"အရက်သောက်ဖူးလား မေးတာလေ"
"အေး သောက်ဖူးတယ်လေ။ ဘာလို့လဲ"
"ဟင် ? ငါတောင် ဘီယာနဲ့၊ ဝိုင်တို့လောက်ပဲ သောက်ဖူးတာ။ ဒါတောင် ပြင်းတာဆိုရင် မူးချင်တယ်"
"ဟင်း ... ငါကတော့ သောက်နိုင်တယ်။ ဒုတိယနှစ်တုန်းက ကျောင်းပြီးလို့ ခရီးစုထွက်ကြတုန်းက မိန်းကလေးအဖွဲ့နဲ့ သောက်တာလေ။ ငါကိုယ်တိုင်တောင် အဲ့လောက် သောက်နိုင်မယ် မထင်ခဲ့ဘူး"
"အာ ... ဒါဆို မင်းက Alcohol ကို အတော် ခံနိုင်ရည် ရှိတာပဲ"
"ဒါပေမဲ့ စွဲသွားမှာစိုးလို့ အဲ့တစ်ခါပဲ သောက်တာပါ။ မင်းလည်း ခဏခဏ သောက်မနေနဲ့ဦး။ ဘယ်အရာမှ စွဲလမ်းမိတာ မကောင်းဘူး"
"ဟုတ်လို့လား"
"ဟမ် ? အေးလေ"
မျက်လုံး အဝိုင်းသားနဲ့ ပြန်ကြည့်နေတဲ့ တေးကို ကြည့်ကာ နွေဦး ခပ်ဖွဖွလေး ရယ်ရင်း ဆံပင်ကို သပ်လိုက်မိသည်။
YOU ARE READING
Spring's Melody (TomxTom - Completed)
Random⚠ Tomboy x Tomboy ⚠ Font: Unicode + Zawgyi Genre: Romance Start date: 7.2.2022 End date: 7.12.2022 Credit to original photo owner for cover.