အရှင့်ကျေးကျွန် (Part-1)

279 6 1
                                    

သေစမ်း ကောင်စုတ်လေး နင်နဲ့နင့်အမေက ငါနဲ့ငါ့သားဘဝထဲမှာလာရှုပ်နေတဲ့အမှိုက်တွေ အမှိုက်ဆိုတာရှင်းပစ်ရမယ်မဟုတ်လား

အရူးတစ်ယောက်လိုပြောနေတဲ့
ဒေါ်အမရာ​​မြူရဲ့လက်ထဲ ရုန်းရင်းနဲ့ တိုင်ကီထဲခေါင်းစိုက်ခံထားရတဲ့ ၁၂နှစ်အရွယ်ကောင်လေးတစ်ယောက်

ထိုကောင်လေးရဲ့ဝူးဝူးဝါးဝါးနဲ့အော်ဟစ်ရုန်းသံက အမရာမြူအတွက်တော့သာယာသံလိုပင်

အမရာ!

ရင်ခေါင်းထဲကဆို့တက်လာသောအသံနှင့်သူမအားခေါ်လိုက်သောအသံပိုင်ရှင်ဘက်ကို ဒေါ်အမရာမြူ မချိပြုံးဖြင့်လှည့်ကြည့်လိုက်သည်

သား .....သား အမေ့သားလေး

ဒေါ်အမရာမြူ၏ကောင်လေးခေါင်းပေါ်တင်ထားသောလက်များကို တိမ်မြတ်လွှာ အတင်းဖယ်ရင်း ရေမွမ်းနေသော ကောင်လေးကိူရင်ခွင်ထဲထွေးပွေ ့ထားလိုက်သည်

ဒေါ်အမရာမြူ! ကျွန်မကိုရှင်ကြိုက်သလိုလုပ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ တိမ်တိုက် ကိုတော့ရှင်ဆွဲမထည့်ပါနဲ့

Hk~~hk တိမ်မြတ်လွှာ....တိမ်မြတ်လွှာ ရီစရာလည်းပြောတတ်သေးသာကို နင့်ရဲ့ညစ်ပတ်တဲ့အကျင့်စရိုက်တွေပါနေတဲ့နင့်သားမှာဘာလို့အပြစ်မရှိရမှာလဲ ငါနဲ့ငါ့သားဘဝထဲကအမှိုက်မှန်သမျှကိုငါရှင်းထုတ်ပစ်ရမှာဘဲ hk~~hk

ကွဲအပ်အပ်ကြောက်စရာကောင်းတဲ့ရီသံနဲ့ ဒေါသမီးတောက်လောက်နေတဲ့မျက်ဝန်းအစုံကို အမေ့ရင်ခွင်ထဲကနေ တိမ်တိုက်မဝံ့မရဲငေးကြည့်နေမိသည်

အမေတောင်းပန်ပါတယ်သားရယ်နောက်ဆိုအမေသားလေးကိုသေချာဂရုတစိုက်နဲ့ကြည့်နေပါ့မယ်နော်

လှပတဲ့အမေ့မျက်ဝန်းအိမ်အစုံမှစီးကျလာတဲ့မျက်ရည်တွေကို တိမ်တိုက် မလိုလားပါ တစ်နေကုန်အိမ်အလုပ်များမနားမနေလုပ်နေရသောအမေကသူ့ကိုအရိပ်တကြည့်ကြည့် ကြည့်မနေနိုင်သည်ကိုလည်းသူအ​ပြစ်မတင်ပါ သို့သော် ဒေါ်အမရာမြူဆိုသော မိန်းမကြီးကိုသူကြောက်သည် သူသိပ်ချစ်သောအမေ့ကိုအမြဲငိုအောင်လုပ်သောကြောင့်လည်းသူမုန်းသည်

အရှင့်ကျေးကျွန်Where stories live. Discover now