အရှင့်ကျေးကျွန် (Part-6)

38 3 0
                                    

   အ့...........

ထလိုက်တယ်ဆိုသည်နှင့် နာကျင်နေသည့်အောက်ပိုင်းကြောင့် မြူခိုး ကုတင်ပေါ်သို့ပြန်လဲကျသွားသည်

မနေ့ကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေတွေးမိတိုင်း အမေလုပ်သူကိုမျက်နှာပြဖို့အင်အားမရှိတော့ ခန္ဓာကိုယ် ကနာကျင်မှုထက် စိတ်ရဲ့နာကျင်မှုကပိုနေသည် တိမ်တိုက် လုပ်သမျှကို သူ့အမေအပြစ်ကြောင့်ဟုငြိမ်ခံနေပေမဲ့ အခုလောက်ထိ သူ့အားလုပ်လိမ့်မည်လို့မထင်ခဲ့တာအမှန်ပါ

နိုးလာပြီလား ............

အခန်းထဲ တလှမ်းချင်း လှမ်းဝင်လာတဲ့ တိမ်တိုက်ကိုကြည့်​​နေရင်းမှ ရုတ်တရက် ခေါင်းထဲပေါ်လာတဲ့မနေ့ကပုံရိပ်တွေကြောင့် မြူခိုးမျက်နှာလွှဲလိုက်မိသည်

မင်း အတွက် မနက်စာပြင်လာတယ်

သူ့လက်ထဲက စွပ်ပြုတ်ပန်းကန်ကိုကြည့်ပြီးကတုန်ကယင်ဖြစ်နေတဲ့ မြူခိုးကြောင့် တိမ်တိုက် ပြုံးလိုက်မိသည်

အဟက်.....ငါမင်းကိုဆေးထပ်မခတ်ထားပါဘူး မင်းကထပ်ပြီးလိုချင်ရင်တောင်ငါကမင်းနဲ့ငါ့တန်ဖိုးရှိတဲ့အချိန်ကိုမကုန်ချင်တော့ဘူး

စားပြီးဆေးသောက် နောက်ပြီး ဒီဆေးပါလူးထား ဒါမှအနာမြန်မြန်ကျက်မှာ

နောက်ဆုံးပြောလိုက်တဲ့စကားကြောင့် မြူခိုး ငုံ့ထားသောခေါင်းကိုထောင်ကာ တိမ်တိုက်ကိုကြည့်လိုက်မိသည်

ဖြူနုနု မျက်နှာလေးပေါ်မှာ ထူထူထဲထဲ လှနေတဲ့မျက်ခုံးနဲ့ခပ်ဝိုင်းဝိုင်းနဲ့ရှိနေတဲ့မျက်လုံးတစ်စုံ ဖြောင့်တန်းပြီးစင်းနေတဲ့နှာတံလေးနဲ့ အနည်းငယ်ထူပြီးထော်တယ်ဆိုပေမဲ့ ရုပ်ပျက်ဆင်းပျက်မဟုတ်ဘဲ ဆွဲဆောင်မှုပိုနေတဲ့နှုတ်ခမ်းသားတစ်စုံကြောင့်ဘယ်လိုပင်ကြည့်ကြည့်တိမ်တိုက်ကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်မည်ဆိုတာကငြင်းဖွယ်ရာမရှိပါ

ဘာလို့များ နတ်သားတစ်ပါးလို လှပတဲ့သူ့ဆီမှာ နတ်ဆိုးတစ်ကောင်လိုစိတ်ရိုင်းတွေတွယ်ငြိနေခဲ့ရတာလဲ

မင်းငါ့ကိုကြည့်လို့ဝပြီဆို မနက်စာစားတော့ ငါဒီနေ့အပြင်မှာကိစ္စတချို့ရှိလို့ မင်းဒီနေ့တစ်နေကုန်အခန်းထဲမှာဘဲနေနေ စကားနားမထောင်ဘဲအပြင်ထွက်လာရင်တော့ ငါ့အဆိုးမဆိုနဲ့ ဆေးတွေသောက်ဖို့နဲ့လိမ်းဖို့လည်းမမေ့နဲ့ စိတ်ပူလို့မဟုတ်ပေမဲ့ မင်းတို့သားအမိ၂ယောက်ကိုသေခွင့်မပေးနိုင်သေးဘူး


အရှင့်ကျေးကျွန်Wo Geschichten leben. Entdecke jetzt