မနေ့က တစ်နေကုန် အနားရထားသည်မို့ ကျွန်တော့်အတွက်တော့ တကယ့်ကိုပျော်စရာကောင်းသည့်နေ့တစ်နေ့ဖြစ်ခဲ့ရသည်
အခန်းထဲမှာဘဲ တစ်နေကုန်နေခဲ့ရတယ်ဆိုပေမဲ့ တိမ်တိုက်ကြိုးဆွဲရာကတဲ့အရုပ်အဖြစ်ကနေတော့တစ်ရက်လွတ်မြောက်ခဲ့ရသည်မဟုတ်လား
ခွမ်း..................... ............. .........
ဟာ ဒီမိန်းမကတော့
မလုပ်ပါနဲ့
အရှေ့မှ ရုတ်တရတ် ကာပြီး အမရာမြူကိုဖက်ထားသောမြူခိုးကြောင့် တိမ်တိုက်ရွယ်ထားသောလက်ကိုပြန်ရုတ်လိုက်ပြီး
မင်းအမေကခေါင်းမာနေတာကို ရေတိုက်တာတောင်ကျေးဇူးမတင်ဘူး
ပြန့်ကျဲကျနေသောဖန်ခွက်စများကိုကြည့်ရင်း မြူခိုး သက်ပြင်းချမိသည်
အေးစက်စက်ပြောနေသော တိမ်တိုက် ကိုကြည့်ရသည်မှာ အမှန်တကယ်ကြောက်စရာကောင်းလှသည် တခါတရံ ပြုံးတတ်တဲ့ လှောင်ပြုံးတချို့ကလည်း အသွေးအသားထဲထိစိမ့်ဝင်ပြီးခြောက်ခြားစရာကောင်းလောက်အောင်ကြောက်ဖို့ကောင်းသည် သို့ပေမဲ့ ထိုကြောက်စရာကောင်းသောနတ်ဆိုးတစ်ကောင်ကိုဘာကြောင့်များ သနားနေမိလည်းမတွေးတတ်ပေ
ရီစရာတော့အကောင်းသား တကယ်ဆို သနားစရာကောင်းသည့်သူက ကျွန်တော်မဟုတ်လား တိမ်တိုက်လက်ထဲမှာ အနိုင်ကျင့်ခံရတဲ့ကျွန်တော်ကအနိုင်ကျင့်နေတဲ့သူကိုသနားတယ်တဲ့လေ အဟက်တွေးကြည့်ရင်တော့တကယ့်ဟာသတစ်ခုဘဲ
နေစမ်းပါအုံး မင်းကရောအခန်းထဲကထွက်ဖို့ငါအမိန့်ပေးမိလို့လား ဟမ်........
ဟို.....ဟို...အသံတွေဆူညံလို့ ထွက်လာမိတာပါ
ကောင်းပြီလေ ဒါဆို လည်း ငါ့စကားနားမထောင်တဲ့မင်းကိုအပြစ်ပေးရမှာပေါ့
ဖန်ကွဲစ တစ်ခုကို ကိုင်ကာ သူ့အနားတိုးလာသော တိမ်တိုက်ကြောင့် အမရာမြူ တစ်ယောက် ဝူးဝါးအော်နေသလို သူကိုယ်တိုင်လည်း မျက်စိစုံမှိတ်ကာ ဖြစ်သမျှရင်ဆိုင်ဖို့အသင့်ပြင်ဆင်နေမိသည်
ရုန်းထွက်ပြီးပြေး လို့ရသည့်အခြေအနေမဟုတ်တာကိုဘာကြောင့် ရူးရူးမိုက်မိုက်ကြိုးစားပြေးနေတော့မလဲ အခုဆိုရင် သူပေးတဲ့ဒုက္ခကြားထဲ ကျွန်တော်လည်းအတော်အသင့်နေသားကျလာခဲ့ပြီ
KAMU SEDANG MEMBACA
အရှင့်ကျေးကျွန်