အရှင့်ကျေးကျွန် (Part-13)

20 1 2
                                    

ကျွန်တော့်ကိုအလုပ်ပေးမယ်ဆို

စရောက်ထဲကခြေဆုံးခေါင်းဆုံးကြည့်ပြီးတပြုံးပြုံးလုပ်နေတဲ့မိန်းမကြောင့် တိမ်တိုက်တကယ်ပင်အနေရခက်လှသည် ထို့ကြောင့် ဆက်ပြီးစောင့်ဆိုင်းမနေချင်တာနဲ့လိုရင်းကိစ္စတာအမြန်မေးလိုက်မိသည်

အဟက်...ဖြေးဖြေးပေါ့ကောင်လေးရယ် မင်းကလည်းစိတ်ကြီးဘဲ

အသက်၁၇လို့ပင်မထင်ရလောက်အောင် အရပ်၆ပေနီးပါးကောင်လေးက gymပုံမှန်ဆော့သည်ထင်ပါ၏ခန္ဓာကိုယ်ကလည်းကျစ်လစ်ပြီး ချပ်ရပ်နေတဲ့ဗိုက်နဲ့ ရှိသင့်သည့်အဖုအထစ်များကလည်းအသားညိုညိုလေးနဲ့ခန္ဓာကိုယ်ပေါ်မှာ သူ့နေရာနှင့်သူမို့ မြင်မြင်သမျှမိန်းကလေးတိုင်းရဲ့အသည်းကျော်တစ်ယောက်ဖြစ်နေမည်ဆိုတာငြင်းဖွယ်ရာပင်မရှိ

ခင်ဗျား အလုပ်မပေးနိုင်ရင်လည်း ကျွန်တော်ပြန်တော့မယ်

ထွက်သွားဖို့ပြင်နေသည့်ကောင်လေးကိုမေမီလှိုင်အသည်းအသန်တားမိသည် ထိုကောင်လေးထွက်သွားလို့မဖြစ်ပါ ဒီလိုကောင်လေးမျိုးကသူတို့လိုလူတွေအတွက်ငွေတွင်းကြီးတစ်ခုဖြစ်နေသည့်အတွက်အဆုံးရှုံးမခံနိုင်ပါ

နေပါအုံးကွာ မင်းပြောတော့ မင်းအမေကိုရှာဖို့ Chinaသွားချင်တာဆို နောက်ပြီးငါ့ကားမှန်ဖိုးလည်းလျော်ရအုံးမယ်လေကွာ ကားမှန်ဖိုးကိစ္စကတော့ထားလိုက်ပါတော့ မင်းအမေကိုရှာဖို့အတွက်ဆိုရင်တော့မင်းငွေတွေအများကြီးလိုမှာနော်

ခင်ဗျားစကားကိုကွေ့ဝိုက်ပြောမနေနဲ့ အခုပိုက်ဆံအများကြီးရတဲ့အလုပ်ပေးမယ်ဆိုလို့ကျွန်တော်ခင်ဗျားနဲ့လိုက်လာတာ အလုပ်အကြောင်းဘဲသိချင်တယ် အမှောင်ဘက်ကလုပ်ရမဲ့အလုပ်ဆိုရင်တောင်ပိုက်ဆံများများစားစားရရင်ကျွန်တော်လုပ်မယ်

ပိုက်ဆံသာအဓိကဖြစ်နေတဲ့ကောင်လေးအတွက်သူ့အလုပ်အကြောင်းပြောရမည်မှာသိပ်အခက်အခဲမရှိလောက်ဘူးမှန်းသဘောပေါက်သွားသည့်အတွက် မေမီလှိုင်အသံထွက်အောင်ပင်ရီမိလိုက်သည်

အမှောင်ဘက်ကအလုပ်တွေအထိတော့ တို့(ဒို့)လည်းမလုပ်ရဲပါဘူးကွာ အဲ့လောက်ထိလည်းတစ်ဆုံးတွေးမနေနဲ့ ကိုယ်မင်းကိုပေးမဲ့အလုပ်ကလွယ်လွယ်လေး အချိန်မကုန်လူမပင်ပန်းဘဲငွေတွေအများကြီးရမဲ့အလုပ်မျိုးပါ

အရှင့်ကျေးကျွန်Onde histórias criam vida. Descubra agora