အရှင့်ကျေးကျွန်(Part-14)

27 1 2
                                    

မြူ

လာပြီမာမီ

အသံနဲ့အတူသူ့ရှေ့အပြေးရောက်လာတဲ့ဖြူဖြူသေးသေးကောင်လေးကသူသိပ်ချစ်ရတဲ့တစ်ဦးတည်းသောသားလေးမဟုတ်လား သူချစ်ရတဲ့သူတစ်ယောက်ကသူ့ကိုရှိတယ်လို့သဘောမထားခဲ့ပေမဲ့ဒီလူသားလေးကတော့သူ့အပေါ်အချစ်တွေပုံပေးထားလို့သူကျေနပ်မိသည် ထို့ကြောင့်လည်းသူ့ရဲ့လုပ်ရပ်တွေမှားနေရင်တောင် သူချစ်ရတဲ့သားလေးအတွက်ဆိုနောက်ဆုတ်ဖို့လုံးဝစိတ်ကူးမရှိပါ

သားကိုဘာပြောမလို့လဲမာမီ......

အင်း သော်တာလေးကဒီနေ့အပြင်သွားဖို့လိုက်ခဲ့ပါတဲ့

ဟင့်အင်းသားမလိုက်ချင်ဘူးမာမီ

လိုက်သွားလိုက်ပါသားရယ် သော်တာ လေးကသားနဲ့သွားချင်လို့မာမီ့ကိုပြောခိုင်းထားတာမာမီကလည်းရအောင်ပြောပေးမယ်လို့ကတိပေးပြီးသွားပြီ ဘာလည်း မာမီ့ကိုကတိမတည်တဲ့သူဖြစ်အောင်လုပ်အုံးမလို့လား

သားလိုက်သွားလိုက်ပါ့မယ်

နောက်ဆုံးတော့လည်း မာမီ့စကားကိုသူမဖယ်ရှားနိုင်ခဲ့ပါ မာမီ့ကိုသူချစ်ပါသည် ငယ်စဥ်ထဲကသူ့အတွက်ဆိုအမြဲလိုလေသေးမရှိအောင်ထားပေးတတ်သည့်မာမီ့ကိုသူနည်းနည်းလေးမှစိတ်မဆင်းရဲစေချင်ပါ မိန်းမသားတစ်ယောက်ဖြစ်ပေမဲ့ စီးပွား​ရေး
လုပ်ငန်းရှင်တစ်ယောက်မို့မာမီ့ပုံစံကအနည်းငယ် ခက်ထန်ပြတ်သားပုံပေါ်ပေမဲ့သူ့အပေါ်တော့ချစ်ရှာသည် ဒါပေမဲ့သူ့အပေါ်ကြောက်ဖို့ကောင်းလောက်အောင်ပြောင်းလဲတတ်သည့်မာမီ့ပုံစံက အန်တီမြတ်နဲ့ တိမ်တိုက်အကြောင်းပြောမိသည့်အချိန်ပင်အဲ့လိုအချိန်မျိုးဆိုမာမီကသိပ်ကြောက်စရာကောင်းလောက်အောင်ဒေါသကြီးတတ်သည်ထို့ကြောင့်လည်း သူတိမ်တိုက်တို့အကြောင်းကိုမာမီ့ရှေ့ယောင်လို့တောင်မပြောရဲပါ

ဟဲ့ ဒီမှာကြည့်စမ်းလှလား

ပန်းဆီရောင် လက်တစ်လုံးဂါဝန်တိုလေးကိုခန္ဓာကိုယ်ပေါ်ကပ်ပြီးသူ့အားမေးနေတဲ့သော်တာကိုခေါင်းညိမ့်အသိအမှတ်ပြုလိုက်ရသည်

ဒါဆိုငါဝယ်လိုက်မယ်နော်

Omm

သော်တာခင်ဆိုတာ သူ၉တန်းမှကျောင်းကိုအသစ်ရောက်လာတဲ့ကောင်မလေးပါ သွက်သွက်လက်လက်ရှိပြီး ချောမောတာကြောင့်မာမီကသူ့အိမ်ထောင်ဖက်အဖြစ်ရွေးသင့်တဲ့သူမျိုးဟုပင်အမှတ်ပေးထားလေသည် သော်တာခင်ရဲ့ အဖေကလည်းမာမီ့ ကုမ္ပဏီ ကရှယ်ယာဝင်တစ်ဦးမို့လူကြီးချင်းပါရင်းနှီးပြီးသားဖြစ်သည်

အရှင့်ကျေးကျွန်Tahanan ng mga kuwento. Tumuklas ngayon