အရှင့်ကျေးကျွန် (Part-9)

29 2 0
                                    

တံခါးဖွင့်လိုက်သည်နှင့် မျက်စိရှေ ့မှာမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တိမ်တိုက် ရင်ထဲဝမ်းနည်းစိတ်တို့ကဝင်ရောက်လာခဲ့သည်

ဘယ်လောက်တောင် ငိုထားသလဲလို့မေးစရာမလိုအောင် မို့မောက်နေတဲ့မျက်သားတို့အစ်နေသည်ကသက်သေပေ တုန်ရီနေတဲ့ခန္ဓာကိုယ်လေးကလည်းသေလောက်အောင်ကြောက်နေသည်ဆိုတာပြောစရာပင်မလိုလောက်အောင် သူ့အား သက်သေပြနေသည်

လာတော့အပြင်ထွက်လို့ရပြီ

သူ့စကားအဆုံးမှာ ဖြေးညှင်းစွာလှမ်းလာတဲ့မြူခိုးရဲ့ခြေလှမ်းလေးတွေကတုန်ယီလျှက်


သူ့ကိုမြင်လို့ မာတင်းနေတဲ့ဒေါ်အမရာမြူမျက်နှာက သူ့အနောက်ကကပ်ပါလာတဲ့မြူခိုးကိုမြင်တော့ ချက်ချင်းပြောင်းလဲသွားသည်


အမေ့ကိုပြေးဖက်ပြီးအရမ်းကြောက်တဲ့အကြောင်းတွေကိုကျွန်တော်ပြောပြချင်ပါသည် ဒါပေမဲ့ ပြောပိုင်ခွင့်ရှိသည်မှမဟုတ်ဘဲ အမေကတော့ ထုံးစံအတိုင်း တဝူးဝူးတဝါးဝါးနဲ့ တိမ်တိုက်ဘက်လှည့်ပြီးနားမလည်နိုင်တဲ့စကားများနဲ့ရန်ရှာနေလေသည်

ဒေါ်အမရမြူ ကျွန်တော်နားငြီးအောင်လုပ်နေတာလား စိတ်ညစ်လိုက်တာ တစ်နေ့နေ့တနေ့ ဒီအသံကြားရတာတကယ်စိတ်ကုန်တယ်

ပြောပြီးသည်နှင့် ဘောင်းဘီအိတ်ကပ်ထဲမှ မီးခြစ်ကိုထုတ်ပြီးလက်ထဲကဆေးလိပ်ကိုမီးညှိကာသောက်လိုက်သည်

မြူခိုးကိုမြင်ပြီးသည်နှင့် သနားချင်သလောက်ထိုမိန်းမကိုမြင်သည်နှင့် ရွံမုန်းချင်စရာကောင်းလောက်အောင်သူ့စိတ်ကပြောင်းလဲတတ်သည်

ဆေးလိပ်ဖွာရင်းရုတ်တရတ်ခေါင်းထဲရောက်လာသည့်မြင်ကွင်းကြောင့် တိမ်တိုက် နှုတ်ခမ်းတဖက်အပေါ်တက်ရုံ ပြုံးလိုက်မိသည်

ဒေါ်အမရာမြူ ခင်ဗျားမှတ်မိလား အရင်က ခင်ဗျားဆေးလိပ်သောက်ရင် မီးသတ်ဖို့အတွက်ကျွန်တော့်လက်မောင်းလေးကအသင့်ရှိနေခဲ့ရတယ်နော်

ခပ်ပြုံးပြုံးပြောလိုက်သည်ဆိုပေမဲ့ ရင်ထဲမှာသေလောက်အောင်နာကျင်သည်ကို​တော့ကျွန်တော့်လောက်ဘယ်သူသိမလဲ

အရှင့်ကျေးကျွန်Where stories live. Discover now