တောက်.........
တိတ်ဆိတ်နေတဲ့အခန်းကျယ်ထဲ တောက့်ခေါက်သံကျယ်ကျယ်ပြုလိုက်သူကအခြားလူမဟုတ် ဒေါ်အမရာမြူပင်ဖြစ်သည်
မဖြစ်နိုင်တာ ဒင်းကသေနေပြီကို ဘာလို့ပြန်ပေါ်လာရတာလဲ
ဒေါ်အမရာမြူကိုအခုလိုဖြစ်စေသောအဓိကတရားခံမှာ
မနေ့က Mallကပြန်ရောက်လာပြီးထဲက မြူခိုး ပုံစံတမျိုးဖြစ်နေ၍သော်တာခင့်ဆီphဆက်မေးရာမှ
"သူလူမှားပြီးကောင်လေးတစ်ယောက်ကိုခေါ်မိတာအန်တီ နေစမ်းပါအုံး တိမ်တိုက်ဆိုလားဘာဆိုလားဘဲ အဲ့ကောင်လေးနဲ့တွေ့ပြီးတော့မှသမီးကိုလည်းသိပ်စကားမပြောတော့တာ"ဆိုသော သော်တာခင်၏စကားကိုသာနားထဲအထပ်ထပ်ကြားနေမိသည်
မဖြစ်နိုင်ဘူး အဲ့အမှိုက်ကသေတာကြာပြီဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အေးအကယ်၍ဖြစ်လာခဲ့ရင်လည်း မြူ့ရဲ့ဘယ်အရာကိုမှဒင်းမရစေရဘူး
.
.
.
.
.ဟို..အမ
သူ့ရဲ့ခေါ်သံကြောင့် တို့(ဒို့)ကိုလားဆိုသောမေးခွန်းကိုသူခေါင်းညိမ့်ပြရင်း
ဟုတ်တယ်အမ
အမမင်းကိုမသိဘူး
ဟုတ်ကျွန်တော်လည်းအမကိုမသိပါဘူး
ရူးကြောင်ကြောင်နိုင်သောအဖြေဆိုပေမဲ့ ကိုယ်သိချင်တာမေးရမှာမို့ မျက်လုံးအပြူးသားနဲ့သူ့အပြောက်ိုစဥ်းစားနေတဲ့မိန်းမကိုကြည့်ပြီး
ဟိုလေ တကယ်တော့ကျွန်တော်ကဟိုတစ်ပတ်ကအမနဲ့တွေ့ဖူးပါတယ်အမ အဲ့နေ့ကလေအမကဟို Jackဆိုတဲ့ကောင်လေးကိုစကား
လာပြောတာလေAww လက်စသတ်တော့မင်းက jackအကြောင်းသိချင်တာကိုဘာလဲမင်းလည်း jackကိုစွဲနေပြီထင်တယ်
ခင်ဗျာ......
နားမလည်စွာဗျာသံပေးမိပေမဲ့ မျက်စိရှေ့ကမိန်းမကတော့ဟန်ပါပါရီနေလေသည်
အဟက် ရှက်မနေပါနဲ့ jackနဲ့ဆုံမိတဲ့လူတိုင်းအခုလိုဘဲဖြစ်တတ်ကြပါတယ် အင်းမင်းလည်းအခုသူရှောင်တာခံနေရပြီထင်တယ်
ဟို..ဟိုလေ ကျွန်တော့်ကိုသူ့ရဲ့ phလေးဖြစ်ဖြစ် လိပ်စာလေးဖြစ်ဖြစ်ပေးလို့ရမလား
YOU ARE READING
အရှင့်ကျေးကျွန်