ဒါ...ဒါဘယ်နေရာလဲ ငါအခုချက်ချင်းပြန်မယ်အဟက် ဒီနေရာကလာချင်တိုင်းလာပြန်ချင်တိုင်းပြန်လို့ရတဲ့နေရာများထင်နေသလား မတိမ်မြတ်လွှာရယ်
သားကိုရှာချင်ဇောနဲ့ ဘာဆိုဘာမှမစဥ်းစားမဆင်ခြင်ဘဲ Chinaကိုလာခဲ့မိတာမှားမှန်းအခုမှသိတော့သည် အမရာမြူဆိုတာသူ့အပေါ်အစထဲကမကောင်းပေမဲ့အခုလောက်ထိလုပ်လိမ့်မည်လို့တော့မထင်ခဲ့တာကြောင့်လည်းပါမည် အခုတော့ သူရောက်နေတာက ရောင်စုံမီးရောင်တဖျပ်ဖျပ်နဲ့ မွှန်ထူနေတဲ့ အရက်နံ့မျိုးစုံတွေနဲ့အတူ ခြေချစရာနေရာမရှိအောင် မီးကုန်ယမ်းကုန်ကဲနေတဲ့အသက်ရွယ်စုံလူပေါင်းစုံရှိနေတဲ့ Clubတစ်ခု
ငါ...ငါ့သားကိုရှာမလို့ လာတာနင်တို့လိုအားယားနေလို့လာတာမဟုတ်ဘူးနားလည်လား
ဘယ်သူကရောအားယားနေတယ်ပြောနေလို့လဲ မတိမ်မြတ်လွှာရယ် ကျွန်တော်တို့ကပိုတောင်အလုပ်ရှုပ်သေးတယ် ခနနေရင် လေလံတင်တော့မှာမို့ မျက်နှာကြီးအိုပုပ်နေရင်စျေးမရဘဲနေနေလိမ့်မယ် အဟက်
လေလံတင်မယ်....စျေးမရဘူး ဘာတွေလာပြောနေကြတာလဲ
ဒီနေရာကနိုင်ငံပေါင်းစုံက မိန်းကလေးယောကျာ်းလေးမကျန် ကိုယ့်မှာပါတဲ့ အလန်းစားတွေကိုလေလံတင်ရောင်းကြတဲ့နေရာ စိတ်မပူပါနဲ့ဒီကနေပြီး သူဌေးကောင်းကောင်းတွေနဲ့တွေ့ပြီးကောင်းစားသွားကြတာလဲအများကြီးပါ
ထိုသူရှင်းပြတဲ့စကားအဆုံးမှာတော့ တိမ်မြတ်လွှာတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရသည် ဒါ...ဒါဆိုသူတို့ပြောတဲ့အလန်းလေးတွေဆိုတာကလူတွေလား အဲ့တာဆို ကိုယ်ကရော ဘုရား...ဘုရား......
တိမ်မြတ်လွှာ ကကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်နဲ့ခန္ဓာကိုယ်အတော်လှသည်
ဖြူစွတ်နေတာမျိုးမဟုတ်ပေမဲ့ ဖြူတဲ့ဘက်တော့ရောက်နေတဲ့အသားမျိုး မိတ်ကပ်ဆိုးဆေးအကူအညီမပါတာတောင်သဘာဝအတိုင်းလှနေတဲ့မျက်နှာက အသက်၃၅လို့ပင်ထင်ရက်စရာမရှိဘဲ၂၀ကေျာ်အပျိုတွေပင်ရှုံးလောက်သည့်အလှတရားမျိုးဖြစ်သည်
YOU ARE READING
အရှင့်ကျေးကျွန်