အရှင့်ကျေးကျွန် (Part-8)

31 1 0
                                    

  ဖျားနေတာဘဲ

မြူခိုး နဖူးကိုလက်ဖဝါးနှင့်အသာအယာစမ်းပြီး ရေရွတ်လိုက်သည်

အစက စောစောစီးစီးမထလို့ စိတ်တိုပြီး လာနှိုးပေမဲ့ အိပ်ယာထဲမှာ တအင်း...အင်းငြ်ီးရင်း ကွေးကွေးလေးအိပ်နေတဲ့မြူခိုးကိုကြည့်ပြီး တိုနေတဲ့စိတ်လေးပင်ဘယ်နားအစရှာရမှန်းမသိတော့

လက်ဖဝါးနုနုလေးပေါ်ကဒဏ်ရာတွေကိုဆေးမထည့်ထား၍  မြင်မကောင်းလောက်အောင်ယောင်ကိုင်းနေသည်

ကျစ်.......ဒီကောင် အနာကိုဆေးထည့်ရမယ်မှန်းမသိဘူးလား

တစ်ယောက်ထဲ မကျေမနပ်ရေရွတ်ရင်း အခန်းထဲက​ဆေးသေတ္တာကိုတိမ်တိုက်သွားယူလိုက်ပြီး အိပ်ပျော်နေတဲ့ မြူခိုးလက်ဖဝါးလေးတွေပေါ် အသေအချာဆေးထည့်ပေးလိုက်သည်

တခါတလေမှာ ငယ်ငယ်ကသံယောဇဥ်ကြောင့်ဘဲလားမသိ သူ မြူခိုးအပေါ် နူးညံ့နေတတ်သည် အခုလည်း အနာတွေကိုအသေအချာဆေးထည့်ပေးနေမိပြန်ပြီ

ဟင်.....တိမ်တိုက် ဟို တောင်း...တောင်းပန်ပါတယ် သခင်

မင်းနိုးလာပြီဆိုလည်းထတော့ နေဖင်ထိုးတဲ့အထိအိပ်မနေနဲ့

အေးစက်စက်ပြောပြီးထွက်သွားတယ်ဆိုပေမဲ့ သူ့ဆီမှာ ကျွန်တော့်အတွက်နွေးထွေးမှုတွေရှိသေးမှန်းအသိသာကြီးပါ မနေ့ကကျွန်တော်သိခဲ့တဲ့တိမ်တိုက်ကအခုမြင်နေရတဲ့တိမ်တိုက်နဲ့ နည်းနည်းလေးတောင်တူညီမနေတော့ဘူး ရီစရာကောင်းမှန်းသိပေမဲ့ ကျွန်တော်သူ့ကိုမမုန်းနိုင်သေးဘူး ကိုယ့်အပေါ်နှိပ်စက်နေတဲ့သူကိုမမုန်းနိုင်တာဘာကြောင့်မှန်းမသိပေမဲ့ သေချာတာကတော့သူ့လုပ်ရပ်တိုင်းကြောင့်ကျွန်တော်နာကျင်ပြီးဝမ်းနည်းရပေမဲ့မမုန်းပါဘူး

မုန်းတယ်.................အခုချိန်မှာဘယ်သူ့ကိုမုန်းလဲမေးရင်ကိုယ့်ကိုယ်ကိုမုန်းတယ် ဘာလို့ အဲ့မိန်းမရဲ့ပျော့ကွက်ဖြစ်နေတဲ့မြူခိုးကိုမှ စာနာသနားနေမိမှန်းမသိလို့မုန်းတယ် ၁၀နှစ်တာလုံး အမုန်းတရားတွေနဲ့ရှင်သန်ခဲ့ပြီးလက်တုံ့ပြန်နိုင်တဲ့အချိန်ကျမှ ဘာကြောင့်ထင်သလောက်ကျွန်တော့်နှလုံးသားကမမာကြောရတာလဲ ပျော့ညံ့တဲ့စိတ်နဲ့ပျော့ညံ့တဲ့သူတွေကိုကျွန်တော်တကယ်မုန်းတယ် ဒါကြောင့်အဲ့စိတ်ရှိနေတဲ့ကိုယ့်ကိုယ်ကိုသေလောက်အောင်မုန်းတယ်


အရှင့်ကျေးကျွန်Opowieści tętniące życiem. Odkryj je teraz