(10 years ago)
*************အ့.....အ့......အင်း...
ညည်းသံတိုးတိုးကြောင့် နိုင်နိုင် ခန္ဓာကိုယ်လေးပင်လန့်ပြီးတုန်သွားမိသည် ဒီနေရာကသူအပျော်ရှာရင်လာနေကြနေရာလေးတစ်ခု တိတ်ဆိတ်ပြီးလူမရှိတတ်တာမို့ သူ့လိုလူမျိုးအတွက် Mediaတွေမသိအောင်စိတ်ကြိုက်ကဲလို့ရတာမို့ရွေးထားတဲ့နေရာဆိုလည်းမမှားပေ
သေချာနားစိုက်ထောင်မိလည်းပျောက်မသွားတဲ့တိုးညှင်းညှင်းငြီးသံကြောင့် မျက်စိကစားရင်းလိုက်ရှာမိသည်
ဟင် သွေး...သွေးတွေနဲ့
မျက်စိရှေ့မှာ ကိုယ်လုံးတီးနဲ့ သွေးအိုင်ထဲခွေခွေလေးလဲကျနေတဲ့ ကောင်လေးကြောင့်
နိုင်နိုင် ဘာလုပ်ရမှန်းပင်မသိတော့သေ...သေတော့မသေသေးဘူး
အသိကပ်လာသည်နှင့် လဲကျနေတဲ့ကောင်လေးကိုအပြေးပွေ့ရင်းဆေးရုံဆီဦးတည်လာခဲ့လိုက်သည်
ခင်ဗျားက လူနာရှင်လား
ဟို....ဒီတိုင်းတွေ့လို့ခေါ်လာတာ
Awwကောင်လေးကအခြေအနေတော်တော်ဆိုးတယ် သွေးထွက်လည်းလွန်နေပြီ နောက်ပြီး..............
ဆက်ပြောသင့်မသင့်စဥ်းစားနေသောဆရာဝန်ကိုနိုင်နိုင်စိတ်မရှည်စွာကြည့်နေမိသည်
သူ rapeလုပ်ခံထားရပါတယ်
ဆရာဝန်အပြောကြောင့်နိုင်နိုင် တအံ့တသြဖြစ်မိပြီးထိုကောင်လေးအတွက်စိတ်မကောင်းဖြစ်မိသည်
လိုအပ်တဲ့ ကုသစရိတ်တွေကျွန်မအကုန်ပေးပါ့မယ် အတတ်နိုင်ဆုံး အဲ့ခလေးကိုကယ်ပေးပါနော်
ကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားပေးပါ့မယ်
ခလေးရယ် မင်း ဘဝကဆိုးလိုက်တာကွယ်
အရေးပေါ်ခန်းထဲက ကောင်လေးကိုဘယ်သူဘယ်ဝါမှန်းမသိပေမဲ့ ထိုကောင်လေးအသက်နဲ့ခံနေရတဲ့ဒုက္ခတွေကမမျှတတာကြောင့် နိုင်နိုင် ပင်မျက်ရည်ဝဲမိသည်
ကိုယ်ကတော့စေတနာသန့်သန့်နဲ့ကူညီခဲ့ပေမဲ့ ဆေးရုံကလူတွေကတော့ ကိုယ့်ကြည့်ပြီးအတင်းတုတ်နေသည်
YOU ARE READING
အရှင့်ကျေးကျွန်