မြူခိုး..........
ခပ်ကျယ်ကျယ်အော်သံကြောင့် မြူခိုး အသားလေးများပင်ဆက်ခနဲတုန်သွားမိသည်
လာ........လာပါပြီ တိမ်တိုက်
ဘာမင်းငါ့ကိုဘယ်လိုခေါ်လိုက်တာ မင်းကမင်းအမေလိုဘဲဦးနှောက်မကောင်းဘူးကို သခင်.....ငါ့ကိုအဲ့လိုခါ်ရမယ်ဆိုတာမေ့နေပြီလားငါကမင်းနဲ့မင်းအမေကိုစောင့်ရှောက်ထားတဲ့ဒီအိမ်ကြီးရဲ့သခင်နားလည်လား
ဟုတ်....ဟုတ်ကဲ့သခင်
မတွေ့ရသည့်၁ဝနှစ်ကာလလုံးမှာ တိမ်တိုက်ကိုစိတ်ပူစွာနဲ့သူရှာခဲ့မိသည် တွေ့ရင်ကြုံခဲ့ရသမျှမေးပြီးကူညီပေးမည်ဟုတွေးခဲ့ပေမဲ့ သူသိခဲ့တဲ့တိမ်တိုက်က အခုလို ကြောက်စရာကောင်းပြီးသွေးအေးတဲ့သူဖြစ်သွားမယ်မှန်းမထင်ခဲ့မိပါ
လာ...ငါနဲ့လိုက်ခဲ့
ပြောပြီးသည်နှင့် သူ့လက်ထဲမှ လက်ပတ်ကိုမြူခိုးကိုစွပ်ပေးရင်းအရှေ ့မှကြိုးဆွဲကာ တိမ်တိုက်သွားလေသည်
ခွေး....ဟုတ်သည် သူပြောနေကြစကားကကျွန်တော်ကသူ့ရဲ့ခွေးတစ်ကောင် သူ့ရဲ့ပြုမူပြောဆိုပုံတွေကလည်းတကယ့်ခွေးတစ်ကောင်ကိုဆက်ဆံသလိုမျိုး ဒါတွေအားလုံးကအမေဘက်ကစခဲ့မှန်းကျွန်တော်သိသည် တိမ်တိုက်ကိုတစ်ခါတရံအမေအခုလိုမျိုးပြူမူတာကိုငယ်ငယ်ကမြင်ဖူးသည် ဒါပေမဲ့အဲ့လိုပြူမူခံရမဲ့သူကကျွန်တော်ဖြစ်လာမယ်ဆိုတာတော့စိတ်ကူးနဲ့တောင်မတွေးမိခဲ့ဘူး
ကျွီ..............
တံခါးဖွင့်သံကြောင့် ဝှီးချဲ ပေါ်ထိုင်နေသော အမရာမြူ ခေါင်းထောင်လာသည်
ဒေါ်အမရာမြူ ပျင်းနေပြီလား ခင်ဗျားမပျင်းရအောင် ကျွန်တော်ခွေးလေးနဲ့ဆော့ဖို့လာခဲ့တာ
တိမ်တိုက် စကားကြောင့် အမရာမြူ အနောက်မှသူသိပ်ချစ်ရသော သားကိုကြည့်ရင်း ထိတ်လန့်နေသည်
အဟက်....ခင်ဗျား စကားပြောတတ်ရင်သိပ်ကောင်းမယ် ခင်ဗျားရင်ထဲရှိနေတာတွေပြောပြီးကျွန်တော့်ကိုကျိန်ဆဲ ပြီးရင် တောင်းပန်ငိုယိုပြီး ခင်ဗျားသားကိုလွှတ်ပေးဖို့ပြော ဟားး.....ဘယ်လောက်တောင် နားဝင်ချိုလိုက်မလဲ
ESTÁS LEYENDO
အရှင့်ကျေးကျွန်