အရှင့်ကျေးကျွန် (Part-5) 🔞🔞🔞

64 4 0
                                    

ကျွီ........

မနက်ခင်းတံခါးဖွင့်သံနဲ့အတူ ကြောက်စရာကောင်းတဲ့အေးစက်စက်အပြုံးတွေနဲ့ ဆီးကြိုနေတဲ့ သူကို မြူခိုးကြည့်နေမိသည်

အဟက်.....ကြည့်လို့ဝရင်လည်း ဟောဒီ့သခင်နားလာခဲ့ပါအုံး

ပြောလည်းထူးမည့်အခြေအနေမဟုတ်၍ တိမ်တိုက်ကို သူ ကလန်ကဆန်မလုပ်ချင်ပါ

လိမ္မာတယ် လိုက်ခဲ့......

ဆံပင်လေးတွေကိုခပ်ဖွဖွပု​တ်ရင်း ရှေ ့ကထွက်သွားသောတိမ်တိုက်နောက်လေးကန်သောခြေလှမ်းများဖြင့်လိုက်ခဲ့ရသည်

ဒေါ်အမရာမြူ ခင်ဗျားအတွက်မနက်စာပြင်လာတယ်

ကျွန်တော့်လက်ထဲက ပန်းကန်ကိုကြည့်ရင်း အထိတ်ထိတ်အလန့်လန့်ဖြစ်နေတဲ့ ဒေါ်အမရမြူ မျက်နှာကိုကြည့်ရသည်မို့မနက်ပိုင်းကသာယာလွန်းလှသည်ဟုထင်သည်

စိတ်မပူပါနဲ့ ခင်ဗျားကိုအဆိပ်ခတ်မသတ်ပါဘူး ဘာလို့လဲဆိုတော့ ခင်ဗျားကိုလွယ်လွယ်သေခိုင်းလို့မဖြစ်ဘူးလေ

မြူခိုး မင်းအမေကို အစာဝင်အောင်ကျွေးလိုက် ငါခနနေပြန်လာခဲ့မယ်

ပြောပြီးလှည့်ထွက်သွားတဲ့ကျောပြင်ကျယ်ကြီးကို ကျွန်တော်အားကျခဲ့ဖူးသည် နာကျင်ပြီးခက်ခဲခဲ့ရသည့်အချိန်တွေသာ ကျွန်တော်တို့၂ယောက်ကြားမှာမရှိခဲ့ရင် တိမ်တိုက်ရဲ့အခင်ဆုံးသူငယ်ချင်းက ကျွန်တော်ဘဲဖြစ်နေအုံးမည်မဟုတ်လား

တွေးလက်စများကိုဖြတ်ရင်း သူလေးစားခဲ့ရသောအမေကို မြူခိုးပြုံး၍ကြည့်ပြီး

မုန့်စားရအောင်နော်အမေ ပြီးရင်ဆေးသောက်ရမယ်

မုန့်ပန်းကန်ကိုအကြောက်အကန်ငြင်းနေတဲ့အမေ့ကိုကြည့်ပြီးကျွန်တော်နားလည်ပါသည် အမေကဒီလိုဘဝမျိုးထဲရှင်သန်ချင်မည်မဟုတ်မှန်းသိပေမဲ့ အခုချိန်မှာ ကျွန်တော်လည်းတတ်နိုင်သည့်အရာဘာမှမရှိပါ

အမေ စားလိုက်ပါ အကယ်၍ အမေမစားရင် တိမ်တိုက်ကကျွန်တော့်ကိုရိုက်နေလိမ့်မယ်

ကျွန်တော့်အပြောကြောင့်မျက်ရည်အဝဲသားနှင့် ခွံကျွေးသည်များကိုစားနေသောအမေ့ကိုကြည့်ရင်း မငိုမိအောင်ထိန်းထားရသည်

အရှင့်ကျေးကျွန်Donde viven las historias. Descúbrelo ahora