အရှင့်ကျေးကျွန်(Part-16)

20 3 2
                                    

ဘာပြောတယ် အမ

အင်းစိတ်တော့မကောင်းပေမဲ့ ဒေါ် တိမ်မြတ်လွှာ ကလွန်ခဲ့တဲ့ ၁နှစ်လောက်ထဲက ပေကျင်းမှာပါဘဲဆုံးသွားတာပါ

ကျေး......ကျေးဇူးတင်ပါတယ်အမ

ထိုမျှသာပြောပြီး တိမ်တိုက်ကျောခိုင်းထွက်ခွာလာလိုက်သည်

ရင်ထဲမှာနာပါသည် သေလောက်အောင်နာသည် အမြဲသူ့ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့အမေ တစ်လောကလုံးရဲ့မေတ္တာရှင်ကြီးလို့ထင်ရလောက်အောင် လူတကာကိုခွင့်လွှတ်ပေးချင်နေတဲ့အမေထိုသို့သော သူကအခုတော့အရင်လိုသူ့ရှေ့မှာရပ်တည်မပေးနိုင်တော့ဘူးတဲ့လား

ဒေါ်အမရာမြူ ခင်ဗျားဟာခွင့်လွှတ်မှုနဲ့နည်းနည်းတောင်တန်ကြေးမရှိတဲ့မိန်းမဘဲ ကျွန်တော်ဒီနေ့ကနေစပြီးခင်ဗျားတို့သားအမိကိုလုံးဝအလွတ်ပေးမှာမဟုတ်လို့ သတိထားနေကြပါ

.
.
.
.
.

မြူ

အနောက်ကရုတ်တရတ်လှမ်းခေါ်လိုက်သည့်အသံအဆုံးမှာတော့ မြူခိုး လှမ်းလက်စခြေလှမ်းတို့ပင် ရပ်သွားမိသည်

မြူ....မင်းငါ့ကိုမှတ်မိတယ်မဟုတ်လား

ပြုံးရယ်နေတဲ့မျက်နှာလေးကြောင့် မြင်နေရတဲ့ ခပ်သေးသေးပါးချိုင့်ရာလေးများနဲ့သူကို
မြူခိုး တစ်ရက်မှမေ့ခဲ့သည်မှမဟုတ်ဘဲ

တိမ်....တိမ်တိုက်

မဝံ့မရဲခေါ်သံလေးအဆုံးမှာ တစ်ဖက်ကခေါင်းညိတ်ပြီးပြုံးပြသည်မို့

ငါ...ငါ မင်းကိုလွမ်းနေတာ ဘယ်တွေလျှောက်သွားနေတာလဲ ဘာလို့အခုမှငါ့ဆီလာရတာလဲ ဟင့်.......

ရှိုက်သံနဲ့အတူ ရင်ဘတ်ထဲခေါင်းဝင်ကာပြောနေတဲ့ ခန္ဓာကိုယ်သေးသေးလေးအား တိမ်တိုက်ဖက်ရင်းဖြင့်

Sorryပါ ငါအကြာကြီးပစ်ထားမိသလိုဖြစ်ခဲ့လို့

ဖြစ်ခဲ့တာမဟုတ်ဘူး....ဖြစ်ကိုဖြစ်တာ ငါမင်းကိုဘယ်လောက်ထိစိတ်ပူခဲ့ရလည်းမင်းသိလား မာမီက မင်းသေသွားပြီဆိုပြီးငါ့ကိုပြောတယ် ငါမယုံဘူး မင်းမသေဘူးဆိုတာငါသိတယ် ငါတကယ်မင်းကိုအရမ်းလွမ်းနေတာ

အရှင့်ကျေးကျွန်Where stories live. Discover now