Chapter-14 (Zawgyi)

17 0 0
                                    

People in the same spectrum

ညနေသုံးနာရီလောက်မှာ ဗိုက်တင်းပြီးပျော်ရွှင်နေတဲ့Aekဟာစားသောက်ဆိုင်ထဲကနေထွက်လာခဲ့သည်။Euaကတော့ ခပ်သွကိသွက်လျှောက်လာလိုက်ရင်း ဓာတ်လှေကားခလုတ်ကို Aekထက်ဦးအောင်နှိပ်လိုက်ပြီး အလိုလိုနေရင်းပြုံးလိုက်မိသည်။ဟင်းပွဲတိုင်းကလှပပြီးပြည့်စုံနေတာကြောင့် Aekခမျာတစ်ခုချင်းစီကိုဓာတ်ပုံရိုက်ပြီးသူခံစားခဲ့ရသမျှအရသာအကုန်လုံးကိုမှတ်စုထဲမှတ်ထားတော့တာပဲ။Chef Mewကအချိုပွဲနဲ့ရောက်လာတဲ့အခါ Aekကအချိန်အကြာကြီးစကားပြောနေပြီး သူသိရသမျှကိုမှတ်စုစာအုပ်ထဲချရေးလိုက်သည်။Euaကတော့ သူ့ကိုယ်သူAekနဲ့ဒိတ်လုပ်တာအောင်မြင်တယ်လို့ပဲတွေးနေမိသည်။Aekကဒိတ်ကိစ္စကိုခေါင်းထဲမထည့်ဘဲ အစားအသောက်ကိုသာအာရုံစိုက်နေပေမဲ့လည်း Aekကိုပျော်အောင်လုပ်ပေးချင်တဲ့ Euaရဲ့ရည်မှန်းချက်ပြည့်သွားတယ်ပြောရမှာပေါ့။ “သရက်သီးနဲ့ကောက်ညှင်းကိုဒီလိုတွဲလိုက်တဲ့စိတ်ကူးကိုကျွန်တော်တကယ်သဘောကျတယ်။ ဒူးရင်းကောက်ညှင်းတောင်လုပ်ဖို့တွေးနေတာ။ဒူးရင်းသီးကတော့သေချာပေါက်လာတော့မှာပဲ။ " Aekကမှတ်စုစာအုပ်ကိုကြည့်လိုက်ပြီး တလက်လက်တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ပြောလိုက်သည်။ "မြစ်ပုစွန်နဲ့ဖက်ထိုင်းကလည်းအရမ်းစားကောင်းတယ်။Chef Mewကမန်ကျည်းရည်သုံးတာနည်းနည်းများသွားတယ်။ကျွန်တော့်အကြိုက်ဖြစ်အောင်နည်းနည်းပြန်ပြင်လိုက်မယ်။“

Aekကစိတ်လှုပ်ရှားနေတဲ့အချိန်မှာစကားပိုပြောတာပဲ။Euaက ကားထဲရောက်တဲ့အထိ Aekရဲ့စိတ်ကူးတွေကိုဆက်တိုက်နားထောင်ပေးလာခဲ့သည်။ နှစ်ယောက်သားကားထဲရောက်ပြီးတဲ့အချိန်မှာ ခါးပတ်ကိုအမြန်ဆွဲပတ်လိုက်တဲ့Aekကို Euaတစ်ချက်ကြည့်ပြီးပြောလိုက်သည်။ “တခြားနေရာသွားချင်သေးလား”

Aekကခေါင်းယမ်းလိုက်သည်။ “ရပါတယ် ညနေကျရင်သူငယ်ချငိးတွေနဲ့ချိန်းထားတာရှိတော့ အဆောင်ကိုပြန်မှဖြစ်မယ်။ “

“အိုကေလေ ကိုယ်အဆောင်ကိုပြန်လိုက်ပို့ပေးမယ်”

Aekကတခဏတာတုံ့ဆိုင်းသွားပေမဲ့ ခေါင်းညိတ်လိုက်သည်။  “ဟုတ်”

Grab a bite (Myanmar Translation)Where stories live. Discover now