Chapter-6 (Unicode)

105 16 0
                                    

Does Aek want to be a chef?

"Aekတော့ကောင်မလေးရှိနေပြီ " WitကBieနဲ့Pockကို ဖုန်းကိုစိုက်ကြည့်နေတဲ့   Aekရဲ့ဝေးရာကိုဆွဲခေါ်ပြီးပြောလိုက်သည်။ အဲ့ဒီနောက်မှာတော့ သုံးယောက်သားဟာ ကျောင်းဆောင်ရဲ့အရှေ့တည့်တည့်မှာဆွေးနွေးတိုင်ပင်ကြတော့တာပဲ။

"ဟိုတစ်ခေါက်သွားတဲ့စားသောက်ဆိုင်ကပဲနေမယ်"

"ထမင်းဘူးထုပ်ပေးလိုက်တဲ့လူပဲနေမှာ" Witကယုံကြည်မှုအပြည့်နဲ့ပြောလိုက်သည်။ "မနေ့ညကသူငါ့ကိုကိတ်ဝယ်လာပေးတယ်။သိလား သူကကိတ်တင်ယူလာတာမဟုတ်ဘူး။တခြားစားစရာတွေလည်းအများကြီးယူလာတာ။ Aekကသူ့အတွက်သူဘယ်တုန်းကဝယ်ခဲ့ဖူးလို့လဲ။"

"မင်းတို့ကအခန်းဖော်တွေဖြစ်နေတာတောင် မသိဘူးလား "

Pockက Witကိုလက်ညှိိုးထိုးပြီးပြောလိုက်သည်။ "သူသာကောင်မလေးရှိနေခဲ့ရင် မင်းတော့ အိပ်စရာအသစ်ရှာထားတာပိုကောင်းမယ်။ Aekကကောင်မလေးကိုအခန်းထဲခေါ်လာလောက်တယ်လေ"

"Aekကငါ့ကိုအသေသတ်တော့မှာလား။အခန်းထဲကိုကောင်မလေးခေါ်လာပြီး ငါ့ကိုမောင်းထုတ်တဲ့အထိတော့သူမရက်စက်လောက်ဘူးထင်တာပဲ။"

Aekကစကားဝိုင်းထဲဝင်လာပြီးပြောလိုက်သည်။  "ဘာတွေပြောနေကြတာလဲ"

စကားဝိုင်းထဲကာယကံရှင်ဝင်လာတာနဲ့တပြိုင်နက် အတင်းတုပ်နေကြတဲ့လူတွေဟာအုံပျက်သွားတဲ့ပျားတွေလိုချက်ချင်းကွဲထွက်သွားသည်။ Witကချောင်းတစ်ချက်ဟန့်လိုက်ပြီး အမြန်ပြောလာသည်။  "ဘာမှမဖြစ်ပါဘူး။"

Aekပုံစံက သူတို့တွေဘာအကြောင်းပြောနေလဲဆိုတာကိုတစ်စက်ကလေးတောင်စိတ်မဝင်စားသလိုပဲ။ "ဒါဆိုလည်း ငါအလုပ်သွားလုပ်တော့မယ်။ညစာစားရင်ငါ့ကိုစောင့်မနေတော့နဲ့ Wit ငါအလုပ်လုပ်တာကြာဦးမှာ "

"အင်း နောက်မှတွေ့ကြတာပေါ့။" Witက စကားဝိုင်းထဲကနေထွက်သွားတဲ့အခန်းဖော်ကိုလက်ပြနှုတ်ဆက်လိုက်သည်။ "Aekကတကယ်မိုက်တာပဲ။ပထမနှစ်ကတည်းက ပိုက်ဆံရှာဖို့အလုပ်လုပ်နေခဲ့တာ။နားတောင်မနားဘူး။ "

Bieကစာနာသနားစိတ်နဲ့ကြည့်လိုက်သည်။  "ငါတို့တွေလည်းကိိုယ့်ဘဝနဲ့ကိုယ်ရုန်းကန်နေကြရတာပဲ။ဒါပေမဲ့ သူ့လိုလူတော်တစ်ယောက်ကစိုးရိမ်စရာမလိုဘူးထင်တာပဲ။ငါ့ကိုပဲစိုးရိမ်ရမှာ။ငါ့အဖေနဲ့အမေဆီကသာပိုက်ဆံမရတော့ရင်ဘယ်လိုများဖြစ်မလဲ။ငါ့ကိုယ်ငါတောင်ကယ်တင်နိုင်ပါ့မလား။ "

Grab a bite (Myanmar Translation)Where stories live. Discover now