Aek quit driving Grab bite
Aekကအနာဂတ်မှာစားဖိုမှူးဖြစ်လာမယ်လို့ယုံကြည်ထားတယ်ဆိုရင်တော့ သူကထိုင်းဟင်းတွေနဲ့ပတ်သက်ရင်ဖြစ်နိုင်ပေမဲ့ မုန့်ဖုတ်တဲ့နေရာမှာတော့ ဘယ်မီးဖိုချောင်ပဲဖြစ်ဖြစ် ကပ်ဆျုက်တာပါပဲ။
Aekနဲ့Euaတို့နှစ်ယောက်လုံးလှလှပပဖြစ်မနေတဲ့ Cupcakeတွေကိုကြည့်နေမိကြသည်။အဲ့ဒီမုန့်တွေထဲကနေအရည်တွေစီးကျနေတာဗန်းပေါ်တောင်ရောက်နေပြီ။တူးနေတဲ့အနံ့ကလည်းရှိနေသေးရဲ့။ AekကChef Euaကိုကြည့်ပြီးခြောက်ကပ်ကပ်အပြုံးတစ်ခုနဲ့ပြုံးပြလိုက်သည်။ “ကျွန်တော်စာမေးပွဲကျပြီမလား။”
Euaကမျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး Aekရဲ့ခေါင်းကိုပွတ်ပေးလိုက်သည်။ "ရပါတယ် နောက်ဆို ကိုယ်Aekကိုတစ်ယောက်တည်းမလုပ်ခိုင်းတော့ဘူး။ နောက်တစ်ခေါက်ကျရင် မင်းပစ္စည်းပမာဏကိုသေချာချိန်ထည့်ရုံပဲ။မုန့်ဖုတ်တာမှာကပစ္စည်းအချင်အတွယ်ကလည်းအရေးကြီးတယ်။ကိုယ်တို့တွေမုန့်ကိုမီးဖိုထဲထည့်လိုက်တာနဲ့ဘာဆိုဘာမှပြင်လို့မရတော့ဘူးလေ။ ဆုတောင်းပြီးတော့စောင့်နေရုံပဲရှိတော့တာ"
ကောင်လေးရဲ့ပုံစံကသိပ်ပြီးနားမလည်သလိုပဲ။အသေအချာမသိသေးပေမဲ့လည်း Aekကတော့ ကိတ်မုန့်ဖုတ်တာကိုသိပ်မကြိုက်တာသေချာနေပါပြီ။ " အချိုပွဲတွေကိုလုပ်ဖို့ကလိုလို့လား"
"လိုတာပေါ့" Euaကမီးဖိုကိုဖွင့်လိုက်ပြီး အခြေအနေမကောင်းတဲ့Cupcakeတွေကိုထုတ်လိုက်သည်။
“Chef Masterမှာပြိုင်မယ်ဆိုရင် အကုန်လုံးလုပ်တတ်မှဖြစ်လိမ့်မယ်။“
Aekရဲ့ယုံကြည်မှုကသိသိသာသာလျော့ကျသွားပြီး တခြားလူတစ်ယောက်လိုဖြစ်သွားတဲ့အခါ Euaလည်းဘယ်လိုမှမထိန်းနိုင်တော့ဘဲ ခေါင်းလုံးလုံးလေးကိုလက်နဲ့ပွတ်ပေးလိုက်သည်။
Euaရဲ့လက်နဲ့ Aekရဲ့ခေါင်းထိစပ်သွားတဲ့အချိန်မှာ Aekတစ်ယောက်အေးခဲသွားရသည်။Euaရဲ့လက်တွေကရေစက်တွေကြောင့်အေးစက်နေပေမဲ့ သူ့မျက်နှာကတော့ ထူးထူးဆန်းဆန်း ပူနွေးနေရောပဲ။ သတိပြန်ဝင်လာတာနဲ့တပြိုင်နက် Aekတစ်ယောက်Chef Euaရဲ့လက်ထဲကရုန်းလိုက်သည်။ဒီထူးဆန်းနေတဲ့ခံစားချက်က Aekကိုတခြားလုပ်စရာတွေကိုအသည်းအသန်ရှာခိုင်းလာပြီး ကမာကောင်တွေပြည့်နေတဲ့ပန်းကန်တစ်ခုဆီAekတန်းတန်းမတ်မတ်သွားလိုကိသည်။ Cupcakeတွေကိုစောင့်နေတဲ့အချိန်တုန်းက အချိန်ဖြုန်းတာမဖြစ်ရအောင် Euaကသူ့ကိုကမာဘယ်လိုကင်ရမလဲဆိုတာကိုသင်ပေးထားတယ်လေ။Aekကင်ထားတဲ့ကမာတွေကအနံ့အရသာနဲ့ပြည့်စုံသလို အရောင်အဆင်းကလည်းစားချင်စရာဆိုပေမဲ့ ဟင်းပွဲအလှပြင်ဆင်တဲ့နေရာနဲ့ပတ်သက်ရင်တော့ Aekကအခက်အခဲရှိနေတုန်းပါပဲ။ အခုချိန်မှာတော့ Aekက ကမာကောင်မီးပြတိုက်ဆောက်နေသလိုမျိုး ကမာကောင်သုံးခုကိုစုထပ်ထားလိုက်သည်။
YOU ARE READING
Grab a bite (Myanmar Translation)
RomanceTitle:Grab a bite Author:Sammon Translator:Yurio Kuco English translator:romcom4ever Length:37 chapters Main pair: Ek♥Eua Hello everyone. This is Yurio. This is one of my favorite novels and I really wanted to translate this so I asked permission fr...