A person in the heart of Aek 💕
ဒီသတင်းကAekကိုအနည်းငယ်လန့်ဖြန့်သွားစေသလို စိုးရိမ်စိတ်အနည်းငယ်လည်းရှိလာစေခဲ့သည်။ ဒီလိုနဲ့ပဲAekကWitကိုအတူတူအိပ်ခဲ့တဲ့အကြောင်းအသေးစိတ်မေးကြည့်ဖို့ဆုံးဖြတ်လိုက်တာပဲ။ သူသာသေချာမဖြေရင် AekကWitကိုဆရာဝန်ဆီဆွဲခေါ်သွားပြီး STDသောက်ခိုင်းပစ်လိုက်တော့မှာ။ဒါပေမဲ့လည်း Witရှင်းပြတာကိုနားထောင်ပြီးတဲ့အခါမှာတော့ Aekရဲ့စိုးရိမ်မှုကအနည်းငယ်လျော့သွားသလိုပဲ။
[ငါနဲ့P'Premကမင်းတွေးတဲ့အနေအထားထိမရောက်သွားပါဘူး Aekရဲ့]
"မင်းတို့ရောက်တဲ့အဆင့်ကိုသေချာပြောပြမှ ငါ့ဘက်ကအကြံပေးလို့ရမှာပေါ့" AekကChef Masterဝန်ထမ်းအဖွဲ့ကပြင်ဆင်ပေးထားတဲ့ဟိုတယ်ခန်းထဲကဆိုဖာပေါ်ထိုင်ရင်းပြောလိုက်သည်။
[အာ...အဲ့ဒီလိုမဟုတ်ဘူး။] Witကစပြောလိုက်သည်။ [ဒီတော့...ငါကP'Premကိုငါအဆင်သင့်မဖြစ်သေးဘူးလို့ပြောပြလိုက်တာ။သူကလည်းအိုကေတဲ့။အဲ့ဒါနဲ့ပဲငါတို့နှစ်ယောက်ကတစ်ယောကိကိုတစ်ယောက်ပြီးအောင်ကူပေးလိုက်တယ်လေ။]
"ဒီတော့ မင်းနဲ့P'Premကဒီအတိုင်းပဲပြီးသွားတယ်ပေါ့။ဘယ်ကိုများဆက်သွားမလို့စဉ်းစားနေကြတာလဲ"
Aekကတဗျစ်တောက်တောက်နဲ့ပြောလိုက်သည်။အခုချိန်မှာခေါင်းတွေကိုက်လွန်းလို့မျက်ခုံးတောင်တွန့်ထားနေရပြီ။
ငါတို့တွေကပုံစံအမျိုးမျိုးလုပ်ကြည့်ပြီးပြီလေ။]
Aekမျက်လုံးပြူးသွားရသည်။ "အဲ့ဒီလိုဟာမျိုးပြောတာမဟုတ်ဘူးဟ။" Witကသူတို့လုပ်ခဲ့သမျှအကြောင်းအရာတွေကိုမပြောပြခင် သူအမြန်ပြောလိုက်သည်။ "ဒီတော့ မင်းတို့တွဲနေပြီဆိုတာက ဘာမှမဖြစ်သေးဘဲ ဒီအတိုင်းအဲ့ဒီအဆင့်နားရောက်နေပြီပေါ့။အဲ့ဒီလိုလား။"
[ဆိုပါတော့] Witကအသံခပ်တိုးတိုးနဲ့ပြောလိုက်သည်။ [ငါလည်း ငါ့ကိုယ်ငါဘာမှန်းကိုမသိတော့ဘူး။မနေ့ညကငါတို့လုပ်ခဲ့တာကိုငါကိုယ်တိုင်လည်းမငြင်းမိဘူး။အခုကျတော့သူနဲ့မျက်နှာချင်းမဆိုင်ရဲတဲ့အထိရှက်နေတာ။ P'Premကိုဒီနေ့ထပ်တွေ့လို့မနေ့ကလိုပဲဖြစ်နေရင်ငါတော့သေတော့မယ်ထင်တယ်။ဒီနေ့ညကျရင် သူနဲ့ဟိုလိုမျိုးအဆင့်ထိအိပ်ရတော့မှာပေါ့။]
YOU ARE READING
Grab a bite (Myanmar Translation)
Roman d'amourTitle:Grab a bite Author:Sammon Translator:Yurio Kuco English translator:romcom4ever Length:37 chapters Main pair: Ek♥Eua Hello everyone. This is Yurio. This is one of my favorite novels and I really wanted to translate this so I asked permission fr...