Zawgyi
"မောင်ဘုန်းရေ .....
သား မောင်ဘုန်း""ဗျာအမေ လာပြီ"
"ဒီမယ် ရွာတောင်ပိုင်းက မောင်လှကြည်က
အရေးကြီးကိစ္စပြောစရာရှိလို့တဲ့ သားရဲ့""ကဲ ကိုလှကြည် လာရင်းကိစ္စဆိုစမ်းပါဦး"
"ဒီလိုဗျ
ကျုပ်တို့ရွာအရှေ့ဘက် တောစပ်အနားမှာ
အခုတလော .. ""အော် သမီးလေးတို့လာခဲ့လေ
ဒီမယ် သားရှိတယ် ခနစောင့်
ဧည့်သည်ရောက်နေလို့"
ကိုလှကြည်စကားမပြတ်ခင် ဒေါ်သင့်အသံကြောင့်
စကားစပြတ်သွားပြန်သည်။"ဟုတ်ကဲ့ အမေသင်"
မောင်ဘုန်းထံ အလည်လာသော
ငယ်ရွယ်ပျိုမြစ်နုပျိုလှပသော အမျိုးသမီးနှစ်ဦးအနက်
အသက်အနည်းငယ်ကြီးပုံရသော မိန်းကလေးမှ သိမ်မွေ့စွာပြောလိုက်လေသည်။
သူတို့၂ဦးမှာ အခြားမဟုတ်
စကားဝါနှင့် ခတ္တာဟုခေါ်သော
ညီအမ ၂ယောက်ပင်ဖြစ်သည်။ မောင်ဘုန်းနှင့် ငယ်သူငယ်ချင်းများ ဖြစ်ကြသလို
မောင်ဘုန်းကိုလည်း သံယောဇဉ်များ ရစ်ပတ်ကာ
ချစ်ခင်တွယ်တာနေကြသူများလည်း ဖြစ်ကြသည်။
ခတ္တာမှာ ငယ်ကတည်းက စကားစွံ့အနေသဖြင့်
ဒေါ်သင်၏အမေးကို စကားဝါမှ ဖြေကြားလိုက်ခြင်းဖြစ်သည်။ထိုအခါမောင်ဘုန်းက
"ကဲ ကိုလှကြည် စကားဆက်ပါဦး"ကျုပ်တို့လယ်တောကအပြန်
အဲ့ဒီတောစပ်အနားမှာ ညညဆို
အနက်ရောင်ဝတ်ရုံခြုံထားတဲ့လူတစ်ယောက် ရောက်ရောက်လာတယ်ဗျ
ရောက်ပြီးရင် သူ့မှာပါလာတဲ့အိတ်အကြီးကြီးထဲက
ဖယောင်းတိုင်တွေ၊ ဘာမှန်းမသိတဲ့ စာရွက်တွေထုတ်ပြီး
ဂါထာတွေရွတ်ပြီးဆူညံနေတာဗျတစ်နေ့ ကျုပ်လည်း အကြောင်းသိချင်တာနဲ့
တစ်အောင့်လောက်စောင့်ကြည့်တော့
သူ့ဆီကို နောက်ထပ် ဆရာလိုလိုဘာလိုလို
လူတစ်ယောက်ထပ်ရောက်လာပြီး
သူတို့ပြောသံကြားတာ
ရွာ့အရှေ့ဘက်က ဘုရားဋ္ဌာပနာကိုဖောက်ဖို့ကြံနေကြတာဗျ
တော်တော် အကြံပက်စက်ကြတယ်ဗျာ
ဘုရားပစ္စည်းကို သူတို့မို့လုပ်ရက်တယ်""ဒါနဲ့သူတို့ကို တွေ့တာ ဘယ်လောက်ကြာပြီလည်း"
"၆ရက် ရှိပြီဗျ"
YOU ARE READING
ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)
Romanceစေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲကို အခြေခံ၍ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားပါသည်။Character များမှာလည်း ထိုဇာတ်လမ်းတွဲမှ Character များသာဖြစ်သည်။ အများစုမှာ ဆရာတပည့်၂ယောက်ကို ship ကြသော်လည်း မိမိမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွေးထားသူနှင့်သာ ship လ...