ချစ်လွန်း၍မုန်းခဲ့သည် (ချစ်လွန်း၍မုန်းခဲ့သည်) Part-12

30 2 0
                                    

Zawgyi

"သား မာဃ
အဖြစ်ဆိုးလှချည်လားကွာ"
မာဃ၏အဖေမှာ သူ့သားအားဖက်၍ ယူကြုံးမရဖြစ်ကာ ငိုနေလေသည်။

မောင်ဘုန်းမှာမူ သူချစ်ရသောသူ နောက်တစ်ယောက်ထပ်မံ ဖြစ်ရပြန်သောကြောင့် ဝမ်းနည်းနေရပြန်သည်။

မာဃ၏ အလောင်းအား
တစ်ပတ်ခန့်ထားရန်ဆုံးဖြတ်ထားသောကြောင့်
အလောင်းစင်ပေါ်တွင် သေသူနှင့်မတူ
လူတစ်ယောက်အိပ်မောကျနေသကဲ့သို့ ဖြစ်နေသော မာဃအား
မောင်ဘုန်းမှာ ခြေထောက်ဒဏ်ရာကြောင့် မင်းစိန်ကိုအကူအညီတောင်းကာ အတွဲကူခိုင်း၍
လာရောက်ကြည့်ရှုနေသည်။

"သားမောင်ဘုန်း ခြေထောက်ဒဏ်ရာကြီးနဲ့ကွယ်
အဆင်မပြေတာ ဒုက္ခများပါဘိ"

"ရပါတယ် အဘရယ်
ငယ်သူငယ်ချင်းဆိုလို့ သူရယ် စကားဝါရယ်ဘဲ ရှိတော့တာ
အခု သူကပါထွက်သွားတော့"
မောင်ဘုန်းမှာ ချုပ်တည်းထားသော မျက်ရည်များကို
မထိန်းနိုင်ဘဲ
တစ်ပေါက်ပေါက်ကျကာ
နောက်ဆုံးတွင် နေရာတွင်ပင် လဲကျသွားလေသည်။

"ကလေးတွေ မောင်ဘုန်းကို သူ့အိမ်အရောက်ပို့ပေးလိုက်ကြပါဦး"
မာဃအဖေမှာ သားစိတ်နှင့် ဝမ်းနည်းနေ၍ ထချင်စိတ်မရှိတော့၍ အိမ်သို့နာရေးအကူလာသော သူများအား အကူအညီအော်တောင်းခံလိုက်ပေသည်။

"မောင်ဘုန်း ပြေးလေ
ဟဲ့မောင်ဘုန်း မာဃလာနေပြီ"

"ဟင်"

မောင်ဘုန်းမှာ သတိလစ်မေ့မြောသွားပြီး
သူ၏ ငယ်ဘဝဆီသို့ ပြန်လည်ရောက်ရှိလာလေသည်။

ကလေး၎ယောက် ကစားရာနေရာသို့ ရောက်လာခြင်းဖြစ်ပြီး
ထိုကလေးများမှာ မောင်ဘုန်း၊ မင်းစိန်၊ စကားဝါ နှင့် ခတ္တာတို့ပင်ဖြစ်သည်။

ခဏအကြာတွင်
မောင်ဘုန်းအနားသို့ ခတ္တာရောက်လာသည်။
ခတ္တာက စကားမပြောတတ်သူဖြစ်သောကြောင့်
မောင်ဘုန်းအား
လက်ဟန်ပြကာ နှုတ်ဆက်ပြီး ပျောက်ကွယ်သွားလေသည်။
ကစားနေသော ကလေးများထဲမှ ခတ္တာ၏ငယ်ဘဝမိန်းကလေးမှာလည်း ရုတ်တရက် ပျောက်သွားပေသည်။ သို့သော် ကျန်ကလေးများမှာ ကစားမပျက် ကစားနေကြသည်။

ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)Where stories live. Discover now