ချစ်လွန်း၍မုန်းခဲ့သည် (ချစ်လွန်း၍မုန်းခဲ့သည်) Part-5

36 2 0
                                    

Zawgyi

"မာဃ ရှုံးပြီဟေ့
မာဃ လိုက်ဖမ်းရမယ်ကွ"

ရွာလည်လမ်းမပေါ်တွင် ၁၃နှစ်အရွယ် ကောင်လေး ၂ယောက်နှင့် ၎င်းတို့နှင့် ရွယ်တူမိန်းကလေး ၂ယောက်တို့ စိန်ပြေးတမ်း ဆော့ကစားသံဖြစ်သည်။

"ခွေးရူးကြီး မာဃရေ လိုက်တော့ဟေ့"

"အေးငါလာပြီနော်"

"ဟက် ကိုဘုန်းပြေးလေ လာနေပြီ" စကားဝါဆိုသော မိန်းကလေးမှ အော်လိုက်ခြင်းဖြစ်သည်။
ထိုအခါမှ မောင်ဘုန်းလည်း သတိဝင်ကာ ပြေးလေသည်။

သို့သော် မောင်ဘုန်းကြာကြာမပြေးရ။
မာဃမှ အချိန်ခဏလေးနှင့်ပင် ဖမ်းမိသွားရသည်။

ဖမ်းသောအခါတွင်လည်း မာဃမှာ အခြားသူများနှင့်မတူပေ။
အရပ်ပုပု၊ဂင်တိုတို၊ ခန္ဓာကိုယ်လုံးကျစ်ကျစ်နှင့် သန်မာသောအားဖြင့် မောင်ဘုန်းအား အတင်းသိမ်းကြုံးဖက်ကာ ဖမ်းလေသည်။

နောက်ရက်တွင် မောင်ဘုန်းမှာ
သူ့ဘကြီးသင်ပေးထားသော ကြိုးကျစ်ပညာဖြင့်
သူငယ်ချင်းတစ်စု ဝတ်ဆင်ရန်
၎င်းတို့ကစားရာနေရာသို့
လက်ပတ်အနက် ဆင်တူ ၄ခု ကျစ်လာလေသည်။

"ဒီကြိုးကို မဖြုတ်ကြနဲ့နော်
ဖြုတ်ရင် မင်းတို့ကို
သူငယ်ချင်းလို့မသတ်မှတ်တော့ဘူး"

ထို့ကြောင့်အားလုံးယူပတ်လိုက်ကြသည်။
၎င်းတို့အိမ်ကိုယ်စီသို့ပြန်ရောက်ကြသောအခါ
စကားဝါနှင့် ခတ္တာတို့၏ အမေမှာ
"သမီးတို့ လက်မှာ ရှုပ်ရှုပ်ယှက်ယှက်တွေ မပတ်ထားစမ်းနဲ့
အခုဖြုတ်ကြစမ်း" ဟုဆိုသောကြောင့် ငယ်စဉ်ကတည်းကပင်
လက်ပတ်များမရှိကြခြင်းဖြစ်သည်။
ကစားသည့်နေရာသို့ လာတိုင်း
အမြဲ လက်ပတ်မချွတ်ဘဲ ရောက်လာတတ်သူမှာ မာဃ။

၎င်းတို့အမြဲကစားဖြစ်သော
ကစားနည်းမှာ စိန်ပြေးတမ်းပင်ဖြစ်သည်။
စကားဝါနှင့် ခတ္တာ၂ဦး လိုက်ရတိုင်း
မောင်ဘုန်းကိုသာ ပစ်မှတ်ထား ဖမ်းတတ်ကြပြီး
မောင်ဘုန်းမှာလည်း စကားဝါနှင့် ခတ္တာကိုသာ အမြဲဦးတည်ဖမ်းတတ်လေသည်။
မာဃမှာတော့ အမြဲ မောင်ဘုန်းကိုသာ ဖမ်းတတ်သည်။

မောင်ဘုန်းမှာ အဖမ်းခံရချိန်များတွင် ဝမ်းမနည်းတတ်ဘဲ ပျော်သာပျော်နေတော့သည်။
မောင်ဘုန်းအဖမ်းလိုက်ရသော အခါများတွင်မူ
မာဃမှလွဲ၍ စကားဝါနှင့် ခတ္တာဆိုသော မိန်းကလေး၂ယောက်နောက်သာ လိုက်ဖမ်းတတ်ပြန်သည်။

ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)Where stories live. Discover now