ချစ်လွန်း၍မုန်းခဲ့သည် (ချစ်လွန်း၍မုန်းခဲ့သည်) Part-15

67 2 0
                                    

Zawgyi

နောက်နေ့တွင်
မာဃနှင့် မောင်ဘုန်း ၂ယောက်
ရွာအရှေ့ဘက် ဘုရားသို့အတူသွားကြပြီး

"ဘယ်လိုဖြစ်ရတာလည်း မင်းနဲ့ငါ အိပ်မက်ထဲမှာတင်
နှုတ်ဆက်ခဲ့ပြီမဟုတ်ဘူးလား"

မောင်ဘုန်းက စကားစလိုက်သည်။

"အဲ့ဒါ အိပ်မက်မဟုတ်ဘူး ဘုန်းရ
မင်းသတိလစ်သွားတော့
မင်းဝိဥာဉ်က ငါ့ဆီကို စိတ်ရောက်နေတော့ ငါ့နားကိုမင်းရောက်လာရတာလေ"

"အောင်မယ်...  ဒီကဘဲ စိတ်စွဲတာပေါ့
ဟိုဘက်က လူကြီးက စိတ်မရောက်ဘူးပေါ့"

"စိတ်ရောက်လို့ဘဲ အခုလိုထပ်ဆုံရတာပေါ့"

"ဘယ်လို"

"ဟုတ်တယ် ဘုန်းရ
ဟိုအလင်းတန်းကြီးက တို့ကိုဆွဲခေါ်သွားပြီး
ငါကလူကြီးတစ်ယောက်ရဲ့အရှေ့ရောက်သွားတယ်
အဲ့ဒီလူက ဘုန်းနဲ့သိတယ်တဲ့ ဘုန်းရဲ့ဆရာဆိုဘဲ
ဟိုလေ အဖြူနဲ့"

"အော် သိပြီ ဆရာကြီးကိုး
ဆက်ပါဦး သူကဘာပြော"

"သူက  ဘုန်းကို လူ့ပြည်လွှတ်လိုက်တာ အဓိက က
ဒီကဝေကို ဆုံးမပေးဖို့တဲ့
အခုဒီကဝေကိုဆုံးမရုံတင်မဟုတ် အမြစ်ဖြတ်ခဲ့ပြီဆိုတော့
ဘုန်းရဲ့တာဝန်က ကျေပြီဆိုဘဲ
ပြီးတော့လေ..."
မာဃမှာ ပြောလက်စကို ရပ်လိုက်ပြီးရှက်နေပုံပေါက်သည်။

"ပြီးတော့ဘာဖြစ်လည်း "

"ဘုန်းက ငါ့ကို ငယ်ကတညးက ချစ်နေတယ်ဆိုတာလည်း
သူသိတယ်တဲ့"

"ဟာ"  မောင်ဘုန်းရှက်သွားမိသည်။

"ဟာမနေနဲ့
အဲ့ဒါ တကယ်တမ်း   ဘုန်းဖြစ်ရမယ့်နေရာမှာ ငါဖြစ်သွားလို့
အစားထိုးခံရတာ မဖြစ်သင့်ဘူးဆိုပြီး
ဘုန်းလည်းပျော်အောင် ငါ့ဝိဥာဉ်ကို ပြန်ပို့ပေးမယ်ပြောပြီး
လွှတ်လိုက်တာဘဲ"

"မနေ့ညကလည်း အိပ်မက်လာပေးသွားတယ်
ဘုန်းဆီက ပညာတွေ ပြန်သိမ်းလိုက်ပြီတဲ့"

"ဟုတ်လား ဘုန်း"

"ဟုတ်တယ် သီလတွေပျက်မှာစိုးလို့တဲ့
ချစ်မိသွားလို့တဲ့လေ"

"အခုလေ ချစ်ချင်သလို ချစ်လို့ရပြီ
လူကြီးရဲ့"

"ဟာ ကောင်းတာပေါ့"

ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)Where stories live. Discover now