Zawgyi
မာဃကို စောင့်ရင်း
မောင်ဘုန်းမှာ မိုးဒဏ်ကြောင့်ချမ်းနေရှာသည်။
ခုနက တွေ့ထိခဲ့ရသော အထိအတွေ့များကိုလည်း ပြန်လည်တွေးတောကာ ရှက်ပြုံးများပြုံးကာ ပီတိဖြစ်နေလေသည်။ခနအကြာတွင် မာဃအခန်းထဲကထွက်လာပြီး
လက်ထဲတွင်ပါလာသော သူ၏ အနွေးထည်တစ်ထည်အား မောင်ဘုန်းဆီသို့ လက်လှမ်းကာ"မင်းလည်းအေးနေမှာပေါ့ မောင်ဘုန်း ရော့
အဲ့ဒါ ငါ့အက်ႌဝတ္ထား
မိုးသည်းလွန်းရင်မပြန်နဲ့လေ ငါနဲ့အတူတူအိပ်"ထိုစကားကိုကြားကာ မောင်ဘုန်းမှာလည်း ပို၍ရင်ခုန်သွားရပြန်သည်။ ထို့နောက် တစ်ခုထူးခြားသည်က
မာဃမှာ ခါတိုင်းလို စကားပြောကြမ်းတမ်းမနေဘဲ သိမ်မွေ့စွာ ပြောနေခြင်းကြောင့် မောင်ဘုန်းအံ့သြရပြန်သည်။မောင်ဘုန်းကို အနွေးထည်ပေးထားသော်လည်း
သူကိုယ်တိုင်မှာမူ ဖျင်ကြမ်းလက်ရှည်နက်ပြာရောင်လေးနှင့်
အလွန်ပင်ခန့်ညားနေသည်ဟု မောင်ဘုန်းစိတ်ထဲတွင်တွေးနေမိသည်။
မာဃပေးထားသော အနွေးထည်ကိုဝတ်လိုက်သောအခါ
တစ်ကိုယ်လုံးပင်နွေးထွေးသွားခဲ့ရသည်ဟု ခံစားမိပြန်ပေသည်။မာဃအကြောင်းများတွေးနေရင်း
"ဟာ မောင်ဘုန်း လာရင်းကိစ္စလေးပြောပါဦး"ထိုအခါမှမောင်ဘုန်းလည်း အိနြေ္ဒပြန်ဆည်ကာ
ကြည်းနူးနေသောမျက်နှာကို တင်းမာလိုက်၍မိမိ၏အင်္ကျီအိတ်ကပ်ထဲမှ လက်ပတ်ကြိုးလေးအား
ထုတ်ပြလိုက်ရာ"ဟင် အဲ့ .....အဲ့ဒါ ငါ့ဟာလား
မင်းဘယ်က ရတာလည်း""မသိချင်ယောင်မဆောင်ပါနဲ့ မာဃရာ
ဒီလက်ပတ်ကြိုးကို အခုထိပတ်တာဆိုလို့ မင်းဘဲရှိတယ်
ငါကလည်း ဆရာတွေအမိန့်နဲ့ အသုံးအဆောင်တွေ စွန့်ထားရတာ ကြာပြီလေ
ဒီလိုလက်ပတ်က မင်းဆီမှာဘဲရှိတယ်ဆိုတာ ငါကရယ်
ခတ္တာနဲ့ စကားဝါဘဲ သိတယ်
အခုတော့ ငါရယ် စကားဝါရယ်ဘဲသိတော့တယ်
မင်းဘာငြင်းမလည်း""ဟာ မောင်ဘုန်း
အဲ့ဒါ....ဟိုဟာ.....အဲ့တုန်းကလေ ""တော်ပြီ မင်းဒီပညာတွေကို ဘာအကြောင်းရှိလို့
ဘာရည်ရွယ်ချက်နဲ့သင်ရတာလည်း
ဒီပညာတွေရဲ့နောက်ဆုံးအကျိုးဆက်က ဆိုးကျိုးတွေဘဲ
လာမယ်ဆိုတာမသိတာလား
ဒါကြောင့် မင်းအချိန်မလွန်ခင် ငါတားရအောင် လာခဲ့တာ"
YOU ARE READING
ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)
Romanceစေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲကို အခြေခံ၍ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားပါသည်။Character များမှာလည်း ထိုဇာတ်လမ်းတွဲမှ Character များသာဖြစ်သည်။ အများစုမှာ ဆရာတပည့်၂ယောက်ကို ship ကြသော်လည်း မိမိမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွေးထားသူနှင့်သာ ship လ...