Zawgyi
"မောင်ဘုန်းအိပ်တော့လေ ငါလည်းအိပ်ပြီ"
"အေးပါ"
မာဃမှာအိပ်ပြီဆိုသော်လည်း
မအိပ်နိုင်သေးဘဲ မောင်ဘုန်းဘက်သို့လှည့်ကာ
အိပ်ချင်ယောင်ဆောင်ပြီး မောင်ဘုန်းမျက်နှာလေးအား
ငေးမောကာ ကြည်နူးမိနေသည်။
မောင်ဘုန်းမှာတော့ မသိ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပေပြီ။မာဃမှာ အိပ်ချင်ယောင်ဆောင်ကာ
မောင်ဘုန်းမျက်နှာပေါ်သို့ လက်ဖဝါးလေးဖြင့်ဖြည်းညှင်းစွာပွတ်သပ်မိနေသည်။
မောင်ဘုန်းမှာလည်း နူးညံ့သောအထိအတွေ့များကြောင့်
ရုတ်တရက်နိုးလာပြီး မာဃ၏အထိအတွေ့တွင် သာယာနေသောကြောင့် မျက်စိစုံမှိတ်ကာ ငြိမ်နေလေသည်။သို့သော် စိတ်ထဲတွင် မောင်ဘုန်းအိပ်နေရင်းယောင်တာဘဲဖြစ်ပါစေဟု ဆုတောင်းနေမိသည်။
မအိပ်ဘဲ တကယ်ထိတွေ့သည်ဆိုလျှင် နောက်နေ့များတွင်
မျက်နှာချင်းမဆိုင်ရဲဘဲ ရှက်မိနေမည်မှာသေချာနေသည်။ခနအကြာတွင်
မာဃမှာ မျက်နှာမှလက်ဖဝါးကို မောင်ဘုန်း၏ ခါးပိုင်းသို့ရွှေ့နေရာယူလိုက်သည်။ မောင်ဘုန်းမှာ ယောက်ျားပီသသောအရပ်အမောင်း ကိုယ်နေဟန်ထားရှိသော်လည်း ခါးမှာမူ ခန္ဓာကိနှင့်မလိုက်ဖက်
သေးသိမ်နေသည်။ ထို့ကြောင့် မောင်ဘုန်း၏ခါးမှာ မာဃအတွက်တော့ အထူးတဆန်းနှင့် နှစ်လိုဖွယ်ရာဖြစ်နေသည်။သို့သော် မကြာမီတွင်ပင် အရုဏ်တက်ချိန်ရောက်လာသည်။
ပါးလျသောနေရောင်ကြောင့် မောင်ဘုန်းမှာ မျက်စိကို အားယူပြီး ဖွင့်ကာ အိမ်ပြန်ရန် ပြင်ဆင်တော့သည်။
မာဃ၏ကိုယ်သင်းနံ့အငွေ့အသက်များပါသောအင်္ကျီအား မာဃလက်ထဲသို့ အပ်လိုက်ပြီး"မနက်ဖြန်ည လကွယ်နော်
မင်းငါပြောထားတာတွေမမေ့စေနဲ့"
မောင်ဘုန်းက ပြောလိုက်မှ မာဃမှာ မနေ့ညက မအိပ်ခင်တွင် မောင်ဘုန်းပြောခဲ့သော ကဝေကြီးအား သုတ်သင်ရန် အစီအစဉ်များအမှတ်ရတော့သည်။"အေးပါ မောင်ဘုန်းရဲ့ ငါမှတ်မိပါတယ်"
မာဃမှာ မောင်ဘုန်း၏ အိမ်ပြန်ခြေလှမ်းများလိုက်လံရေတွက်မတတ် မျက်စိတစ်ဆုံး
မောင်ဘုန်းအား လိုက်လံကြည့်နေမိသည်။
YOU ARE READING
ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)
Romantizmစေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲကို အခြေခံ၍ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားပါသည်။Character များမှာလည်း ထိုဇာတ်လမ်းတွဲမှ Character များသာဖြစ်သည်။ အများစုမှာ ဆရာတပည့်၂ယောက်ကို ship ကြသော်လည်း မိမိမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွေးထားသူနှင့်သာ ship လ...