Zawgyi
"သမီး ခဏစောင့်နော်
မောင်ဘုန်းရောက်တော့မယ်"
ခတ္တာ၏အမေမှာ သူမကိုပွေ့ပိုက်ရင်း ငိုနေသည်။"ဆရာဘုန်းရောက်ပြီ ဘေးဖယ်ကြပါဗျ" မင်းစိန်မှ လှမ်းပြောလိုက်ခြင်းဖြစ်သည်။
"ဟာ အရီး
ခတ္တာ ဘာဖြစ်တာလည်းဗျ" မောင်ဘုန်းမှာ
ညီမလေးတစ်ယောက်လိုချစ်ရသော ခတ္တာကို စိုးရိမ်စွာဖြင့်
သူမ၏ အမေအား လှမ်းမေးလိုက်ရာ"ခတ္တာနဲ့ ငါတို့ ရေခပ်သွားရင်း
လမ်းမှာတင် မြွေကိုက်ခံလိုက်ရတာဟ"
ညီမဖြစ်သူကို စိုးရိမ်လွန်ပြီး အမေမပြောမီတွင်ပင်
စကားဝါမှ ဝင်ပြောလိုက်လေသည်။"ဒါကို အမြန်ကုမှရမှာပေါ့
မင်းစိန် မင်းလက်ထဲက အိတ်ပေးစမ်း"ထိုအချိန်မှာတွင်ပင်
ခတ္တာ၏ကိုယ်ထဲတွင် မြွေဆိုး၏အဆိပ်များ ပျံ့နှံ့နေပြီဖြစ်ရာ
မောင်ဘုန်းလည်း
မကယ်နိုင်တော့ဘဲ နေရာတွင်ပင် ခတ္တာမှာ မြွေဆိပ်များဖြင့် အသက်ဆုံးခဲ့ရလေသည်။"သမီးလေး" "ညီမလေး""ခတ္တာ"
အနီးအနားမှ သူငယ်ချင်းများ မိဘများနှင့် စကားဝါတို့၏ အသံများဖြင့် ဆူညံစွာရှိနေလေတော့သည်။
ရွာပြင်တွင် ဆုံးသည်ဖြစ်သောကြောင့် ရွာထဲမသွင်းရဘဲ
အပြင်တွင်လည်း ကြာကြာမထားချင်။
ထို့ကြောင့် ချက်ချင်းပင် သင်္ဂြိုဟ်လိုက်လေတော့သည်။မောင်ဘုန်းမှာလည်း ခတ္တာ၏ ကိစ္စအရပ်ရပ်လုပ်ဆောင်ပြီးချိန်မှသာ
အိမ်သို့ ပြန်လာရင်း
ညီမလေးတစ်ယောက်ဆုံးရှုံးလိုက်ရပြီဟုသော
အတွေးများဖြင့် စိတ်မပျော်ရွှင်စွာ ရှိနေတော့သည်။ခတ္တာဆုံးပြီးနောက်ပိုင်း စကားဝါမှာ
မောင်ဘုန်းအိမ်သို့လည်း အရင်လိုမလာဖြစ်တော့ပေ။
မောင်ဘုန်းအပေါ်ထားသော သူ၏အချစ်မေတ္တာများလည်း
ညီမသေဆုံးသွားပြီးကတည်းက လွင့်စင်ပပျောက်ခဲ့လေပြီ။မောင်ဘုန်းမှာလည်း
အလုပ်ကိစ္စရပ်များမရှိသဖြင့် အိမ်တွင်ပင်
ဗေဒင်ကျမ်းများနှင့် ဆေးကျမ်းများကိုသာ
ထပ်မံ လေလာနေတော့သည်။တစ်နေ့.....
စာအုပ်များလှန်လှောနေစဉ် အရင်တစ်ခါက
လက်ပတ်ကြိုးလေးအား
ရုတ်တရက် သတိပြန်ရလာပေသည်။
YOU ARE READING
ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)
Romanceစေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲကို အခြေခံ၍ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားပါသည်။Character များမှာလည်း ထိုဇာတ်လမ်းတွဲမှ Character များသာဖြစ်သည်။ အများစုမှာ ဆရာတပည့်၂ယောက်ကို ship ကြသော်လည်း မိမိမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွေးထားသူနှင့်သာ ship လ...