Zawgyi
"ဘုန်း"
"ဟင် "
"အေး ဒီစကားကို
ငါမှားထွက်တာမဟုတ်ဘူး ငါ့ရဲ့နှုတ်ကနေ
အမြဲမင်းကိုခေါ်ချင်နေတဲ့ စကားစုလေးဘဲ""မာဃ မင်း..မင်း"
"အေး ငါသွားရတော့မှာမို့
ရှင်းရှင်းဘဲပြောတော့မယ်
ငါမင်းကိုချစ်တယ် ဘုန်း""ဘယ်လို"
"ငါ ဒီအောက်လမ်းပညာတွေကို ဘာလို့သင်လည်း
ဘာရည်ရွယ်ချက်နဲ့မင်းမေးခဲ့တယ်နော်
ငါမင်းကို ငယ်ငယ်ထဲက ချစ်ခဲ့ရတယ်
မြင်လား မင်းကိုငါ ဖမ်းရင် သာမန်မဟုတ်ဘဲ
ပွေ့ဖက်ပြီးဖမ်းခဲ့တာ"ကစားနေကြသော ကလေး၃ယောက်ကို လက်ညှိုးညွှန်ပြရာ
မောင်ဘုန်းမှာ မျက်ရည်များပင် ကျလာပြီး"ငါကြီးလာတော့ ငါဆိုးခဲ့တယ်ဟုတ်တယ်
ငါ့အမေဆုံးပြီးတဲ့ နောက်ပိုင်း
ငါ့အဖေကအစ ငါဘယ်သူ့မှ ဂရုစိုက်ခဲ့တော့တာမဟုတ်ဘူး
ငါငယ်ကတည်းကနေ အခုထိဂရုစိုက်ချစ်ခဲ့ရတာ မင်းဘဲ
လမိးမှာတွေ့ရင် ငါမင်းကို ရန်စသလို ဘုကလန့်လေးတွေပြောတယ် မင်းစိတ်ဆိုးတဲ့အမူအရာလေးတွေကအစ ချစ်စရာကောင်းလွန်းလို့ ပြီးတော့ မင်းရဲ့ ခွင့်လွှတ်ပေးတတ်တာ အဲ့ဒါလေးတွေကို ငါမြတ်နိုးတယ်ငါကအမြဲအရက်ဆိုင်မှာ မင်းကတော့ဘုရားတရားတွေဘဲလုပ်
ငါတို့၂ယောက် ဆက်ပြီးအပေါင်းအသင်းမလုပ်ရတော့မှာစိုးခဲ့တယ်
ဒါပေမယ့် ငါ့ဆီကို တစ်နေ့ အောက်လမ်းဆရာတစ်ယောက် ရောက်လာတယ်
သူက ပီယဆေးအကြောင်းပြောတော့
ငါကလည်း မင်းပြန်ချစ်နိုင်မယ်ထင်တဲ့ အတွေးနဲ့ ငါတောင်းမိတယ်
ဒါပေမယ့် ပီယဆေးတောင်းတိုင်း အဲ့ဆရာကြီးက
ဘယ်သူ့အတွက်လည်းမေးတိုင်း ငါကယောက်ျားလေးချင်းချသ်တတ်နေတဲ့ ငါ့ကို အလှောင်ခံရမှာကြောက်လို့
ငါတို့သူငယ်ချင်းထဲက စကားဝါကိုဘဲ လွှဲပြောရတယ်
စကားဝါ့အရှေ့ရောက်ရင်လည်း ငါအဲ့ဆေးမသုံးခဲ့ပါဘူး
ငါချစ်တာကမင်းကိုး
ဒါကြောင့်နောက်ကျ ငါစဉ်းစားမိတယ်
ငါအောက်လမ်းပညာတတ်ထားရင် မင်းနဲ့အမြဲ ပတ်သတ်နိုင်မယ်ထင်လို့
မင်းနဲ့အမြဲဆုံချင်လို့ အသေးအမွှားလေးကအစ
အရှုံးပေးပြီးချစ်တတ်ချင်လို့ ဒီအောက်လမ်းပညာသင်ဖို့
ဆုံးဖြတ်လိုက်တာပါ"
YOU ARE READING
ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)
Romansaစေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲကို အခြေခံ၍ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားပါသည်။Character များမှာလည်း ထိုဇာတ်လမ်းတွဲမှ Character များသာဖြစ်သည်။ အများစုမှာ ဆရာတပည့်၂ယောက်ကို ship ကြသော်လည်း မိမိမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွေးထားသူနှင့်သာ ship လ...