ချစ်လွန်း၍မုန်းခဲ့သည် (ချစ်လွန်း၍မုန်းခဲ့သည်) Part-7

28 2 0
                                    

Zawgyi

မောင်ဘုန်းလျှောက်လာသောအချိန်တွင်
မိုးကောင်ကင်မှ တိမ်တိုက်များသည် ပြိုတော့မည့်အသွင်ဖြင့်
မောင်ဘုန်းအား ဆက်မသွားနိုင်ရန် တားဆီးနေသကဲ့သို့ဖြစ်နေပေသည်။

သို့သော်မောင်ဘုန်းမှာ မာဃကို တရားချရန်သာ
စိတ်လောနေ၍ ပတ်ဝန်းကျင်ကိုတောင်
ဂရုမစိုက်မိချေ။
ထိုသို့ဖြစ်နေသည်မှာ မာဃကို စိုးရိမ်စိတ်များ၍ ပူပင်နေရသောချစ်ဒုက္ခကြောင့်ပင်ဖြစ်သည်။

ဟုတ်ပါသည်။ မောင်ဘုန်းမှာ မာဃကို တစ်ဖတ်သတ်ချစ်နေမိသည်မှာ ငယ်စဉ်ကလေးဘဝကတည်းကပင်ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် သူ၏လုပ်ငန်းနှင့် သိက္ခာတရားတို့ကို စောင့်ထိန်းနေရ၍သာ
ချစ်စိတ်များကို အမြဲထိန်းထားခဲ့ရပေသည်မဟုတ်လော။

ဒီလိုနှင့် မောင်ဘုန်းမှာ မာဃအိမ်ပေါက်သို့ရောက်လာသည်။
အိမ်ရှေ့ရောက်မှ ကောင်းကင်ကြီးတစ်ခုလုံး
အုံ့ဆိုင်းမည်းတက် လာသည်ကို သတိပြုမိသွားလေသည်။

"အဘ မာဃရှိလားဗျ ကျုပ်သူနဲ့ပြောစရာရှိလို့"

မာဃ၏အဖေမှာ ဆေးဆရာဖြစ်သောကြောင့် လူနာတစ်ဦးကခေါ်၍ ခြံပြင်ထွက်လာချိန် မောင်ဘုန်းနှင့်တိုးကာ

"အေး မောင်ဘုန်း ခဏစောင့်ဦးကွဲ့
ဟိုမှာ အဲ့ကောင် ရေချိုးနေတယ်"ဟု လက်ညှိုးညွှန်ပြလိုက်သောနေရာကို ကြည့်လိုက်ပေရာ

မာဃ၏ ကြီးထွားဖွံ့ဖြိုးလှသော အမွှေးများစွာပေါက်နေသည့်
ရင်အုံနှင့် တောသားပီပီ ကြွက်သားတစ်တောက်တစ်စနှင့် ဝမ်းဗိုက်များအား အထင်းသားမြင်တွေ့လိုက်ရရာ
မောင်ဘုန်းမှာ မာဃအပေါ်ထားသော ချစ်စိတ်များပြန်လည်နိုးထ လန်းဆန်းလာခဲ့ပြန်ပေသည်။

"မောင်ဘုန်း အဘကိုလည်းလူနာက ပင့်ထားလို့
သွားချေဦးမယ်
မင်းတို့ညီအစ်ကို ၂ယောက်တည်းလွတ်လွတ်လပ်လပ်ပြောစရာရှိတာပြောရစ်ကြတော့ အဘသွားပြီကွယ်"

"ဟုတ်ကဲ့အဘ ဂရုစိုက်သွားပါဗျ"

ထိုအချိန်တွင်ကောင်းကင်မှ မိုးပေါက်မိုးဖွားများ တစ်ပေါက်ချင်းစီ ကျဆင်းလာလေသည်။

ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)Where stories live. Discover now