ချစ်လွန်း၍မုန်းခဲ့သည် (ချစ်လွန်း၍မုန်းခဲ့သည်) Part-4

36 2 0
                                    

Zawgyi

ထွက်ပြေးရန်ပြင်နေသောအခါ
မောင်ဘုန်းမှ
ကဝေဆိုသူကို အင်းတစ်ချပ်ဖြင့် ပစ်လိုက်လေသည်။
သို့သော် အင်းမှာ လွဲချော်သွား၍
ကဝေကြီးမှာ
လွတ်မြောက်သွားခဲ့ရသည်။

သို့ဖြင့် သူစဉ်းစားခဲ့သော အတွေးများကို
ပြန်သတိရကာ မာဃဆိုသူအားဖမ်းရန် ထ၍ပြေးမည်လုပ်နေသော မာဃဆိုသူ၏ လက်ကို
လှမ်းဆွဲလိုက်ရာ မိသွားသော်လည်း
၎င်း၏ လက်မှ လက်ပတ်လေးတစ်ခုသာ
မောင်ဘုန်းလက်ထဲတွင် ကျန်ခဲ့ပြီး
မာဃဆိုသူမှာ
လွတ်မြောက်သွားခဲ့ရသည်။

ထိုကျန်ခဲ့သော လက်ပတ်လေးအားကြည့်လိုက်ရာ
"ဟင်
ဒါ.........ဒါ .... ဒါဆို
ခုနက မာဃဆိုတာ"
မောင်ဘုန်းမှာအလန့်တကြားဖြစ်ကာ
မူးမေ့မတတ်ဖြစ်သွားလေသည်။

ထိုအခါမှ ရွာထဲမှလူများ မောင်ဘုန်းအနားအား
ကပ်ကာ
အသက်ကြီးကြီး ခေါင်းဆောင်လာသောကိုလှကြည်မှ

"ဟာ မောင်ဘုန်း
သတိထားဦးလေကွယ်" ဟု
သတိပေးပြီး အိမ်အရောက်ပို့နှံခဲ့ရလေသည်။

အိမ်ရောက်သောအခါ
မောင်ဘုန်း၏ အမေဖြစ်သူ ဒေါ်သင်မှ

"ဟဲ့ဟဲ့
ငါ့သားဘာဖြစ်လို့လည်း 
ဟက် လှကြည် ဘာဖြစ်တာလည်း ပြောပါဦး
စိတ်ပူလိုက်တာကွယ်"

"မောင်ဘုန်း အိပ်ရေးပျက်များ
သွေးအားနည်းပြီး မူးမေ့မလိုဖြစ်တာပါဗျ
စိတ်မပူပါနဲ့ ကျုပ်တို့လည်း ရှိပါတယ်
သန်းခေါင်ကျော်ပြီမို့ ကျုပ်တို့လည်း ပြန်ပြီ
ဒေါ်သင်ရေ"

"အေးအေး
လမ်းလည်း ဂရုစိုက်ပြန်ကြဦး
ကျန်တဲ့ကလေးတွေရော ကြားကြလား"

မောင်ဘုန်းမှာမူ သူ့အမေ၏ လူမှုဆက်ဆံရေး
ပြေလည်ပုံကို သဘောကျကာ ပြုံးမိပြန်လေသည်။

"အဲ့ဒါကြောင့်သားကို ပြောပါတယ်
တစ်ခုခုဆို အားကိုးရအောင်
မင်းစိန်ကို ခေါ်သွားပါဆိုတာ
သူ့ကိုဘာလို့ ဟိုဘက်ရွာ
အခိုင်းလွှတ်လိုက်သလည်း"

"အရေးကြီးတဲ့ ကိစ္စရှိလို့ပေါ့အမေရာ
အဲ့ဘက်ရွာမှာ
သရဲပူးတာ သားလာခေါ်တော့
မင်းစိန်ပညာနဲ့နိုင်လောက်တဲ့အခြေအနေမို့
သူ့လွှတ်လိုက်ရတာပါ"

ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)Where stories live. Discover now