Zawgyi
ညနေစောင်းရောက်သောအခါ
ကိုလှကြည်မှာ မောင်ဘုန်းစကားအတိုင်း
ထိုလူစိမ်းနေရာသို့ လိုက်ပြရန် လှည်းဖြင့် ရောက်လာလေသည်။မောင်ဘုန်းမှာ အဆင်သင့်စောင့်နေသည် ဖြစ်သောကြောင့်
ကိုလှကြည်ရောက်သည်နှင့် ခရီးမဆိုင်းဘဲ
ချက်ချင်းရွာအရှေ့ဘက်သို့ ဦးတည်ကာ ထွက်လာခဲ့လေသည်။၎င်းတို့ရောက်သောအချိန်တွင်
မှောင်နေပြီဖြစ်သောကြောင့် မောင်ဘုန်းမှာ
ပါလာသော မီးအိမ်အတွင်းမှ မီးစာကို မီးတို့ကာ
ထွန်းလိုက်သည်။ခနအကြာတွင်
ကိုလှကြည်ပြောသောပုဂ္ဂိုလ်ဟု ထင်ရသူရောက်လာသည်။
ထိုသူမှာ ထဘီအနက်ရောင်အစကြီးအား
သူ့ကိုယ်ပေါ်တွင် လွှမ်းခြုံထားသည်ကို
မီးရောင်နှင့် လရောင်အောက်တွင်
အထင်းသားမြင်နေရပေသည်။ခနအကြာတွင် ထိုသူမှာ ဘုရားမုဂ်ဝအပေါက်သို့
တဖြည်းဖြည်းလှမ်းကာ
ကိုလှကြည် ပြောသည့်လုပ်ဆောင်ချက်များအတိုင်း
တသဝေမတိမ်း လုပ်ဆောင်နေပေသည်။
အင်းကွက်များ ထွင်းထားသော ဖယောင်းတိုင် အတုတ်ကြီးများကို မီးညှိကာ ၎င်း၏ဘေးပတ်ဝန်းကျင်
၆ပေခန့်လောက်တွင် ရေဖလားထဲတွင်ထည့်ထားသော
သွေးများဖြင့်စည်းတားနေလေတော့သည်။ထိုအခါ မောင်ဘုန်းမှ
"ကိုလှကြည်
ခင်ဗျားပြောပုံအရဆို
ဒီနေ့က ၇ရက်မြောက်တဲ့နေ့ဘဲ
ဒီနေ့သူသေချာပေါက် သိုက်တူးလိမ့်မယ်""ဟာ ဟိုမယ် မောင်ဘုန်း..."
ကိုလှကြည်၏ အထိတ်တလန့်အသံနှင့်
လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်သောအခါ
လူကြီးလူကောင်းဆန်ဆန်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်"ကိုလှကြည် အဲ့လူကို ဘယ်လိုမြင်လည်း
ခန့်မှန်းကြည့်""ဟာ ဟိုတစ်ခါက အသက်ကြီးကြီးလူမဟုတ်ဘဲ
အခုတစ်ခါ ဒီလူငယ်လေးက ဘာလာလုပ်တာလည်း""ကိုလှကြည်
ခင်ဗျား အရင်တစ်ခါမြင်တဲ့ အသက်ကြီးကြီး ဆရာပုံစံနဲ့လူရယ်
အခု လူငယ်ရယ်က တစ်ယောက်တည်းဗျ""ဗျာ....."
"ဟုတ်တယ် ဒီလူကိုကြည့်ရတာ
ပညာမသေးဘူးပဲ
ဒီလူက ဒီရွာနီးချုပ်စပ် ၇ရွာ ပတ်လည်မှာ
ပညာအမြင့်ဆုံး ကဝေဘဲဗျ
ဒီတစ်ခါတော့ ကျုပ်တို့သတိထားရမယ်"
YOU ARE READING
ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)
Romansaစေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲကို အခြေခံ၍ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားပါသည်။Character များမှာလည်း ထိုဇာတ်လမ်းတွဲမှ Character များသာဖြစ်သည်။ အများစုမှာ ဆရာတပည့်၂ယောက်ကို ship ကြသော်လည်း မိမိမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွေးထားသူနှင့်သာ ship လ...