Zawgyi
"ဝှစ်"
"ဟာ မင်းစိန်
ဂရုစိုက်
မင်းကိုငါပြောထားတဲ့ အင်းချပ် သေချာဂရုစိုက်ကိုင်ထား""ကဝေကြီးကျုပ်တို့ကို တိုက်နေပြီလားဗျ ဆရာဘုန်း"
"အေး ဟုတ်တယ် ဒါပေမယ့်
အခုက သူမွေးထားတဲ့ တစ္ဆေတွေကို အရင်လွှတ်တာကွ""ဟာ ဒါဆို..."
"ငါပြောတဲ့အင်းချပ်ကို ဒေါင်လိုက် အပေါ်ကို ထောင်လိုက်ပေတော့"
မင်းစိန်မှာ မောင်ဘုန်းပြောသည့်အတိုင်းပင် ထောင်လိုက်ရာ
"ဝုန်း"
ပေါက်ကွဲသံနှင့် အတူ ကဝေကြီး၏တစ္ဆေများ ပျောက်ကွယ်ကုန်သည်။"ငဘုန်းဆိုတဲ့ ဆရာစုတ် ရောက်လာပြီကိုး"
"ဟင် မာဃ မာဃ
ဘယ်လိုလုပ်ပြီး""အေးဟုတ်တယ်
မင်းတို့၂ယောက်ပြောတဲ့အကြောင်းတွေ ငါအကုန်သိပြီး
ငါ့အစီအစဉ်တွေ ပြန်ပြောင်းလိုက်တာဘဲ
မင်းကို ကူညီမယ့်ကောင်ကို အခုငါ့အနားမှာ အကာအကွယ်လုပ်ထားလိုက်ပြီလေ ဟား...ဟား""မောင်ဘုန်း ငါကတိမတည်တာမဟုတ်ပါဘူးကွာ
သူက""တိတ်စမ်းမာဃ သူပြီးရင် မင်းလိုက်သေရမှာဘဲ
အလွမ်းသယ်မနေကြနဲ့"
ပြောပြီးချက်ချင်းပင်
ကဝေတို့၏ အစွမ်းအထက်ဆုံးပညာရပ်တစ်ခုဖြင့် မောင်ဘုန်းအား တိုက်ခိုက်လေတော့သည်။အနီရောင်မီးလုံးကြီးဖြင့် မောင်ဘုန်းထံသို့ ပစ်လွှတ်လိုက်သည်။
မောင်ဘုန်းမှာ မိုးရွာသောနေ့က တရားမထိုင်လိုက်ရ၍
အဓိဋ္ဌာန်မပျက်သော်လည်း အားလျော့နေပေသည်။
ထို့ကြောင့် ကဝေကြီး၏ မီးလုံးအားရှောင်တိမ်းလိုက်နိုင်သော်လည်း
ခြေထောက်မှာ ဘေးမှ ကျောက်တုံးနှင့် တိုက်မိ၍
မတ်တပ်မရပ်နိုင်တော့ပေ။မာဃမှာ ကြံရာမရသည့်အဆုံး
ကဝေကြီးအားပြန်တိုက်ရန် မောင်ဘုန်းဆီသို့အပြေးရောက်အောင်သွားလေတော့သည်။
မင်းစိန်မှာမူ မောင်ဘုန်းအားတွဲကူထားရင်း
တစ်ခုခုအကူအညီရစေရန် လွယ်အိတ်ထဲမှ အစွမ်းထက် အင်းများအားရှာဖွေနေသည်။
YOU ARE READING
ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)
Romanceစေတစ်လုံးမောင်ဘုန်း ဇာတ်လမ်းတွဲကို အခြေခံ၍ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးသားထားပါသည်။Character များမှာလည်း ထိုဇာတ်လမ်းတွဲမှ Character များသာဖြစ်သည်။ အများစုမှာ ဆရာတပည့်၂ယောက်ကို ship ကြသော်လည်း မိမိမှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်တွေးထားသူနှင့်သာ ship လ...