ချစ်လွန်း၍မုန်းခဲ့သည် (ချစ်လွန်း၍မုန်းခဲ့သည်) Part-3

43 4 0
                                    

Zawgyi

မောင်ဘုန်း၏ ခြေလှမ်းများကို
အာရုံရမိသော လူငယ်အယောင်ဆောင်ကဝေဆိုသူမှာ
အနောက်သို့လှည့်ကား
မောင်ဘုန်းအား
တားဆီးရန် ဟန်ပြင်လိုက်တော့သည်။
ထို့နောက် သူ့ဘေးမှ ထဘီအနက်ရောင် လွှမ်းထားသောသူအား

"တပည့်ကျော် မာဃ
ငါသင်ပေးထားတဲ့
သိုက်ချုပ်အစီအမံကို စဖို့ပြင်ပြီး
မန္တာန်ကို စရွတ်တော့"

ထိုစကားကိုကြားပြီး
မောင်ဘုန်း ခေတ္တမှင်သေကာ
ရုတ်တရပ် ရပ်တန့်မိသွားလေသည်။

"မာဃ....  ဟင်  မာဃဆိုပါလား
ငါ့ငယ်သူငယ်ချင်း မာဃတော့
မဟုတ်လောက်ပါစေနဲ့
ဒါပေမယ့်  သူဖြစ်နေရင်ရော
ဟာ မဖြစ်နိုင်ပါဘူး"
မောင်ဘုန်းခေါင်းထဲသို့
အတွေးများစွာ ဝင်လာလေသည်

ထိုအချိန်တွင်
ရုတ်တရက် လှုပ်ရှားမှုတစ်ခုကြောင့်
မောင်ဘုန်း သတိပြန်ဝင်လာလေသည်။
အခြားမဟုတ် ကဝေကြီးမှ
အပြာရောင်အလင်းတန်းကြီးတစ်ခုဖြင့် မောင်ဘုန်းရင်ဘတ်တည့်တည့်သို့ ထိုးဖောက်ရန်ပစ်လွှတ်နေခြင်းဖြစ်သည်။
လက်မတင်လေးပင် မောင်ဘုန်းမှာ
၎င်း၏ လက်ထဲမှ အင်းချပ်ဖြင့် ကာလိုက်နိုင်ပြီး
ထိုအလင်းတန်းမှာ လေထဲတွင်ပင်
ချက်ချင်း အငွေ့အသွင်ပြောင်းသွားပေသည်။

ထို့နောက်တွင် ချက်ချင်းပင် မောင်ဘုန်းမှာ
ဂါထာတစ်ခုကို နှုတ်မှ တစ်တွတ်တွတ်ရွတ်ဆိုကာ
၎င်း၏လက်ထဲတွင်
အဖြူရောင် အလင်းတန်းတစ်ခု ရုတ်ခြည်းထွက်ပေါ်လာပြန်ပေသည်။
ထိုအလင်းတန်းနှင့် ကဝေကြီးအား
ပစ်လွှတ်လိုက်ရာ ကဝေကြီး၏ ပုခုံးအား ယှက်ကာ အနောက်ဘက်သို့ ဝေ့ဝိုက်ပျောက်ကွယ်သွားပေသည်။

နောက်
မောင်ဘုန်းနှင့် ကဝေကြီးမှာ
အလင်းတန်းများကို ပြိုင်တူထုတ်လွှတ်ကာ
ရင်ဆိုင်နေကြသည်။
မောင်ဘုန်းထံမှ အဖြူရောင် အလင်းတန်းနှင့်
ကဝေကြီးထံမှ အပြာရောင် အလင်းတန်း၂ခုမှာ
၎င်းတို့၏ အလယ်ဗဟိုဆုံမှတ်တွင် စုစည်းသွားပြီး
ကောင်းကင်သို့ထောင်တက်သွားကာ
ပေါက်ကွဲ သွားပြန်သည်။
ဤသို့သော အခြင်းအရာမှာ
သာမန်မြင်တွေ့သူများအနေဖြင့်
လွန်စွာလှပသော မြင်ကွင်းဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။

ချစ်လွန်း၍မုန်းခဲ့သည် (Completed Short Story)Where stories live. Discover now