"လင်ချင်းချင်း!" ဒေါသတကြီးနှင့် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ရင်း လင်ချင်းချင်းထံသို့ လက်ရွယ်လိုက်သည်။ ဒါပေမယ့် လင်ချင်းချင်းက သူမအား အနားသို့ရောက်လာတာတောင်မစောင့်ပေ။ သူမက ရေပိုက်ခေါင်းကို အမြန်ဖွင့်ကာ လက်ညှိုးကို ဖိပိတ်လိုက်ပြီး လျန်ရှင်းရဲ့ မျက်နှာပေါ်သို့ ရေများပက်ဖြန်းလိုက်သည်။
လျန်ရှင်းက သူ့မျက်လုံးထဲသို့ ရေများပက်ဖြန်းခံလိုက်ရတာကြောင့် လန့်ဖြတ်စွာအော်ဟစ်လိုက်ပြီး ရေတွေကို လက်ဖြင့် အမြန်ပိတ်ကာလိုက်သည်။ သူမရဲ့ ဆံပင်တွေဟာလည်း စိုရွဲလို့သွားခဲ့ပြီး မိတ်ကပ်တွေလည်း မရှိတော့ပေ။ သူမပုံစံမှာ ညစ်ပတ်ပေရေလို့နေပါသည်။
သူမက ရှေ့နဖူးတွင် ဆံပင်အနည်းငယ်ထူထူကို ဘေးခွဲချလို့ထားသည်။ ထိုအချိန်တွင် ဆံချည်မျှင်များက စိုစွတ်သွားပြီး ကပ်သွားကြသည်။ သူ့ဆံပင်တွေ အရှုပ်အပွထဲ လင်းချင်ကျင်းက သူ့နဖူးပေါ်ရှိ အနည်းငယ်အကျဉ်းတန်သည့် အမာရွတ်ကို မြင်လိုက်ရလေတယ်။
Liang Xin သည် သူမ၏အမာရွတ်ကို ဖုံးကွယ်ထားခဲ့ပြီး ခိုင်ခံ့မြဲမြံစေရန် အလျင်အမြန်ဆွဲထုတ်လိုက်သည်ကို Liang Xin လည်း သဘောပေါက်ပေမည်။ လျန်ရှင်း လည်းသူ့အမာရွတ်ပေါ်သွားပြီဆိုတာ သဘောပေါက်သွားခဲ့ပြီး ဖုံးဖိဖို့ရာဆံပင်ကိုဆွဲကာလိုက်လေတယ်။ ယခုတွင်တော့ သူမကသိသိသာသာကို ဒေါသတချောင်းချောင်းထွက်လို့နေပါပြီ။ " နင်ကကော ဘယ်လောက်တောင်ကောင်းနေတယ်လို့ထင်နေတာလဲ? ကြီးကျယ်မြင့်မြတ်ချင်ယောင်လောင်ဆောင်ပြမနေနဲ့! မစွမ်းဆောင်နိုင်တဲ့အဘိုးကြီးတောင် နင့်ပါးစပ်ထဲ ရောက်တာပဲ ဒါကိုများနင်ကဒီလိုလာပြောနေသေးတယ် နင်က...အား!!!! "
လင်ချင်းချင်းက သူမရဲ့လက်ချောင်းတွေကို ရေပိုက်ခေါင်းပေါ်ပိုဖိချလိုက်ရာ ရေကိုရှောင်ရင်း အလုပ်ရှုပ်နေတဲ့ လျန်ရှင်းရဲ့မျက်နှာဆီသို့ ရေတွေကရေမှုန်ရေမွှားလေးကနေ ဓါးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲကာအပြေးပန်းထွက်သွားကြပြီး ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားတွေအားရပ်တန့်သွားစေခဲ့ပါသည်။
YOU ARE READING
သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, credit to all Author and English translators. ___________________________________________ ❧ Summary လင်ခ...