Chapter - 26.2 [Uni+Zawgyi]

3.9K 427 3
                                    

သူ့မျက်နှာမှာ အလွန်နီးကပ်နေပြီး လင်ချင်းချင်းသည် သူမရှေ့ရှိ ဖြစ်ပျက်နေသမျှ အရာအားလုံးမှာ အလွန်အံ့သြဖွယ်ကောင်းသည်ဟု ခံစားမိသည်။ တကယ်ကို သူမက သူ့ရင်ခွင်ထဲဝင်ပြီး သူ့နှင့်နမ်းခဲ့လေသည်။ သူနှင့်သူမကြား အလွန်နီးကပ်နေသေးသည်မို့ သူတို့ကြားရှိအရာအားလုံးဟာလည်း တုနှိုင်းမရအောင် နီးကပ်နေခဲ့သည်။

သူမက ချိုမြိန်ပြီး လက်တွေ့မကျတဲ့ အိမ်မက်ထဲသို့ ရောက်သွားပုံရသည်။

သူမ ထိတွေ့ချင်သော မျက်နှာသည် သူမရှေ့တွင် ရှိနေပြီး သူ့နှုတ်ခမ်းများကတော့ သူမကို ယခုတင်နမ်းလိုက်တာဖြစ်သည်။ ဘာလိုဖြစ်ဖြစ် သူမ သူ့နှင့် နမ်းပြီးနေပြီလေ။ သူမသူ့ကိုထိတွေ့နိုင်တာအသေအချာပဲလေ ဟုတ်တယ်မဟုတ်လား။

သူမထိုသို့ထင်ပေမယ့်လည်း သူ့ပါးပြင်ပေါ် သူမလက်နဲ့ မပွတ်သပ်လိုက်ခင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့ရပါတယ်။ ထိတွေ့ပြီးနောက် သူမ ကျေနပ်လုနီးပါးဖြစ်သွားပြီး ညင်သာစွာ‌ပွပ်သပ်လိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မမကောင်းတာပါ။ ရှင်ကဒီနှစ်တွေမှာ ကျွန်မနဲ့ဖက်ထုပ်လေးကို ဂရုစိုက်ဖို့ အလုပ်တွေကြိုးစားခဲ့ရတာ။ "

သူကလည်းမျက်လုံးတွေမှိတ်ထားရင်း သူမလက်ဖဝါးလေးကို ပြန်လည်တိုးကာပွတ်သပ်လေသည်။ လင်ချင်းချင်း က သူ့အား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သန်မာတဲ့ ရီဇီယန်က သူမ၏ လက်ဖဝါးကို ပြန်လည်တိုးကပ်ကာ ချစ်စဖွယ် ကလေးတစ်ယောက်လို ပြုမူနေသည်။

သူကမလက်ကို သူ့နှုတ်ခမ်းနားဆွဲယူကာ ဖွဖွလေးနမ်းလိုက်သည်။ သူ့လှုပ်ရှားမှုတွေက နူးညံ့ပြီး ကျရောက်လာတဲ့ သူ့အနမ်းတွေကလည်း ငှက်မွှေးလေးတွေလိုပါပဲ။ သူက တကယ်ကို နူးညံ့သိမ်မွေ့တဲ့ လူတစ်ယောက်ပါပဲ။ 

သူ့ရဲ့ နူးညံ့သိမ်မွေ့မှုက သူမကို မြတ်နိုးတန်ဖိုးထားကာ သူ့လက်ဖဝါးထဲ ဆုပ်ကိုင်ထားတဲ့ ရတနာတစ်ခုလို သူမအားခံစားရစေတယ်။ သူ့ရဲ့ထိတွေ့မှုတိုင်းက ဂရုတစိုက်ရှိလှသည်။

လင်ချင်းချင်း မတတ်နိုင်ပဲ ရယ်လိုက်လေသည်။ "အနာဂတ်မှာ ရှင်နဲ့ကျွန်မတို့ရဲ့ ကောင်းမွန်တဲ့ဘဝလေးကို ကျွန်မရနိုင်မလားဟင်။ " 

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now