Chapter - 48.1 [Uni+Zawgyi]

1.8K 179 2
                                    

Chapter - 48.1

ဒါပေမယ့် ဒီဓာတ်ပုံထဲမှာ လျန်ရှင်း က အရက်မူးနေပုံပေါ်ပြီး သူမရဲ့တစ်ကိုယ်လုံး ညစ်ပတ်‌နေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ကာ ရူးကြောင်ကြောင်ပုံနဲ့ ကင်မရာထဲတွင်  ယိုင်တိယိုင်တိုင်နဲ့  ရပ်လို့နေတယ်။

 
ကင်မရာများကလည်း လျှပ်စီးများလက်နေသလိုပင် သူမရဲ့ ဓာတ်ပုံတွေ ပေါ်ထွက်‌နေတာကို ဝိုင်းကြည့်ပြီး မီဒီယာတွေဟာ  သူတို့ရဲ့  ဖုန်းတွေနဲ့  အဆက်မပြတ် ရိုက်ယူ‌နေကြတယ်။ လျန်ရှင်း ဝန်းကျင်ရှိ လူများကလည်း သူမဆီကို လက်ညိုးထိုးနေကြ၏။ သူမ အချိန်အတော်ကြာသည်အထိ ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။

သူမကို စိုးရိမ်တာကြောင့် လျန်ဖေးဖေး က အနီးနားရှိလူများထံ ပြေးသွားခဲ့တယ်။ "ဒီဓာတ်ပုံတွေက ဖန်တီးထားတာ ဒါ့ကြောင့် မယုံကြပါနဲ့!"

 
နောက်ကို ခြေတစ်လှမ်းဆုတ်သွားပြီး လျန်ရှင်း က ခေါင်းငုံ့ထားရင်း ပြုံးနေတဲ့  လင်ချင်းချင်းကို ကြည့်လိုက်မိတယ်။ သူမ(လင်ချင်းချင်း) အရှက်ကွဲခဲ့ရတုံးကလည်း သူမလည်းထိုကဲ့သို့ပင် ကျေနပ်နေခဲ့တာ။

 
ထိုအချိန်မှာပဲ  လျန်ရှင်းဟာ ဒါတွေအားလုံးကို  လင်ချင်းချင်းက စီစဉ်ပေးထားတာပဲဆိုတာ ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။

 
လီသုန်ခိုင် ကဲ့သို့သောလူက ဒီနေရာမှာ ဘယ်လိုပေါ်လာတာလဲ။ သူက ရီချန်းလုပ်ငန်းစုမှာ အမှန်တကယ်ကို မိသားစုဝင်တစ်ဦးဖြစ်တယ်ဆိုတာကို သူမ မယုံပေ။ ဒါတွေအားလုံးကို လင်ချင်းချင်း က စီစဉ်ပေးခဲ့တာပဲ။ သူမရဲ့  အားနည်းချက်တွေကို ဖော်ထုတ်ဖို့ သူ့ကို ဒီနေရာမှာ ခေါ်လာပေးခဲ့တာ။ သူမနှင့် လီသုန်ခိုင် အကြောင်းနဲ့ လီသုန်ခိုင် က သူမနှင့် ဆက်ဆံရေးဘယ်လိုရှိတယ်ဆိုတာ သူမဘယ်လိုသိသွားတာလဲဆိုတာ သူမမသိပေ။

 
ဒါပေမယ့်  လင်ချင်းချင်းက ဇာတ်လမ်း စီစဉ်သူဖြစ်ကြောင်းကိုတော့ သူမသေချာသိသည်။

 
သူမက ရီချန်းလုပ်ငန်းစုရဲ့ ထောက်ခံမှုကို ရရှိပြီးနောက် သူမကို ကောင်းကောင်းမွန်မွန်မြင်ချင်ပုံမပေါ်ပေ လင်ချင်းချင်းက သူမကို အဆုံးထိဒုက္ခပေးချင်ပုံပါပဲ။ အဲဒီတုန်းကလည်း ဒီလိုပဲ၊ သူမ နိုင်ငံခြားမှာ ထိပ်တန်းကျောင်းသားအဖြစ် ကျောင်းသွားတက်တာ မမြင်ချင်လို့ သူမရဲ့ မကောင်းတဲ့အရာတွေကိုဖော်ထုတ်ခဲ့တယ် ပြီးတော့ မျက်နှာကိုလည်း ဖျက်စီးခဲ့တယ်။ နဖူးပေါ်က ဒဏ်ရာက ထာဝရဖယ်ရှားလို့မရတဲ့ အမာရွတ်တစ်ခု ဖြစ်လာခဲ့တယ်။ တစ်သက်လုံး နဖူးကို မပြနိုင်ခဲ့ပေ။ ပူပြင်းသော နေ့ရက်များတိုင်းမှာ သူမကထူထဲတဲ့ဆံမြိတ်ကိုသာချထားရဆဲပါ။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Wo Geschichten leben. Entdecke jetzt