Chapter - 10.1 [Uni]

6.1K 732 33
                                    

- အဖေနဲ့အမေဆိုတာအတူတူအိပ်ကြရပါတယ်။

ဒါဆိုသူစိတ်မဆိုးဘူးလား? ဒါပေမယ့်လင်ချင်းချင်းအနည်းငယ်အံ့ဩသွားတာက... သူ့အဝတ်တွေကိုမီးပူတိုက်တာကသူ့ကိုစိတ်ကောင်းဝင်စေတဲ့ပုံပဲ ဟုတ်တယ်မလား?  သူ့စိတ်သဘောထားကသူမမျှော်လင့်ထားတာထက်ကျော်လွန်သွားသည်။

လင်ချင်းချင်းကသက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းထောက်မစွာနဲ့အဝတ်တွေကမီးပူတိုက်ထားပြီးဖြစ်ပြီးသူမက၎င်းတို့ကိုမြှောက်ကာနှစ်ကြိမ် လောက်ခါလိုက်ပြီးအဝတ်လှန်းသည့်တန်းပေါ်အအေးခံရန်တင်ထားလိုက်သည်။ ထို့နောက်သူမကသူ့ဘက်သို့လှည့်ကာ “ကောင်းပါပြီ” ဟုလှမ်းပြောလိုက်သည်။

သူ့မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြင့်သူမအားကြည့်နေဆဲဖြစ်ပြီးသူ့မျက်လုံးများကသူမ‌အပေါ်တွင်ကော်ကပ်ထားပုံရသည်။ လင်လျင်းချင်းလည်းသူ့ကြောင့်အတော်လေးပူထူသွားခဲ့ပြီးသူမခဏတာဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။

သူကသူ့ရဲ့တည်ငြိမ်မှုပျောက်ဆုံးသွားသည်ကိုသဘောပေါက်သော်လည်းသူကဆက်ကာတည်ငြိမ်နေဆဲဖြစ်ပြီးဘာကပြာကယာဖြစ်ဟန်မှမပြပေ။ သူကမော့ကြည့်ပြီးပြောလိုက်သည်။ "ရှောင်ယွမ်ကိုသွားကြိုရမယ့်အချိန်ရောက်ပြီ"

လင်ချင်းချင်းကခဏလောက်စဉ်းစားလိုက်ပြီးမေးလိုက်တယ်။ " ကျွန်မလည်းသူ့ကိုရှင်နဲ့အတူတူလိုက်ကြိုလို့ရမလား? "

သူကသူမအားမယုံသင်္ကာဖြင့်ကြည့်ကာပြောလိုက်သည်။ "မင်းလည်းလိုက်ကြိုမယ်?"

လင်ချင်းချင်းလည်းခေါင်းညိတ်ပြလိုက်သည်။

ဒီတစ်ခါလည်းပဲကားတံခါးဖွင့်ပေးတာကရီဇီယန်ပါပဲ၊ လင်ချင်းချင်းလည်းကားပေါ်တက်ပြီးထိုင်လိုက်တယ်။ ရုတ်တရက်သူမကမေးခွန်းတစ်ခုကိုတွေးလိုက်မိပြီးသည်းမခံနိုင်ပဲသူ့အားမေးလိုက်လေသည်။ " ဒီနေရာကရှောင်ယွမ့်ရဲ့ကျောင်းနဲ့နည်းနည်းဝေးတယ်နော်။ ကျွန်မအထင်တော့အနီးနားမှာလူနေရပ်ကွက်တွေအများကြီးရှိပါတယ်၊ ပြီးတော့ဒီနားမှာလည်းသူငယ်တန်းကျောင်းတွေလည်းရှိတယ်။ ရှင်ဘာလို့သူ့ကိုဒီလောက်အဝေးကိုပို့ရတာလဲ? ဒီလောက်အဝေးကိုနေ့တိုင်းကြိုပို့ရတာလည်းအရမ်းကြီးအဆင်မပြေဘူးလေ။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Tahanan ng mga kuwento. Tumuklas ngayon