သူမ စကားလုံးတွေရဲ့ အဓိပ္ပာယ်က သူမ ကမ်းလှမ်းတာကို ငြင်းဆိုတာမဟုတ်ဘူးလို့ ဆိုလိုတာလား လင်ချင်းချင်းက မျှော်လင့်ပြီး ပြောလိုက်တယ် " တစ်နှစ် တစ်နှစ်ခွဲထပ်တော့ မပိုပါဘူး"
ချီချီက ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာ သူမလက်ကိုဆွဲပြီး ပြောလိုက်တယ် " ပျော်ရွှင်စရာ ပူးပေါင်းဆောင်ရွက်မှုလေး ဖြစ်ပါစေ"
"___ ___"
သူမလက်ကို ကြည့်ရင်း လင်ချင်းချင်း အနည်းငယ် ရှုပ်ထွေးသွားတယ်။ဒါက လက်ခံတယ်လို့ ပြောတာလား။
" ဘာဖြစ်လို့လဲ နင်က မပူးပေါင်းချင်လို့လား"
လင်ချင်းချင်းက စိတ်လှုပ်ရှားနေရာကနေ သူမရဲ့ အာရုံတွေကို ပြန်ခေါ်ပြီး အလျင်အမြန်ပဲ သူမလက်ကို ဆွဲပြီး လှုပ်လိုက်တယ်။ " ကောင်းပြီ ဒါဆို နက်ဖန် နင့်ရဲ့ အသံလွှင့်ရုံကို ငါ့ကို ခေါ်သွားပေးပါ"
လင်ချင်းချင်း ချက်ချင်းပဲ လက်ခံလိုက်တယ်။သူမ မမျှော်လင့်ထားဘဲ ချီချီနဲ့ ဒီလို ချောချောမွေ့မွေ့ စကားပြောနိုင်တယ်ဆိုတာ မစ္စတာရီရဲ့ အကူအညီကြောင့်ဆိုတာတော့ ငြင်းလို့မရနိုင်ဘူး။သူမ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင် တစ်ခုခု ဝယ်ပေးဖို့ ဈေးဝယ်ထွက်ပြီး နက်ကတိုင်တစ်ခု ဝယ်လာခဲ့တယ်။သူအလုပ်ကပြန်ဖို့ အချိန်လည်း နီးကပ်နေပြီမို့ ရုံးကိုပဲ တန်းသွားပြီး လက်ဆောင်ကို ပေးလိုက်တယ်။
လင်ချင်းချင်းက သူမ တစ်ခေါက်ရောက်ဖူးပြီး ဒီနေရာနဲ့ ရင်းနှီးနေပြီဖြစ်လို့ သူ့လက်ထောက်ကိုမခေါ်ဘဲ အပေါ်ထပ်ကိုပဲ တန်းတန်းမတ်မတ် တက်သွားတယ်။သူ့အတွင်းရေးမှူး ရှိမနေပေမယ့် ရီဇီယန်ရဲ့ ရုံးခန်းတံခါးကလည်း မပိတ်ထားဘူး။သူမတံခါးနားရောက်တော့ အထဲက မိန်းကလေး တစ်ယောက်ရဲ့ ငိုသံကို ကြားလိုက်ရတယ်။သူမ အသံကို မှတ်မိလိုက်တယ် ဒါ Cheng Yin ရဲ့ အသံနဲ့ တူတယ်။
" ကျီပင်း က ဒီလို လူတစ်ယောက်ဖြစ်မယ်လို့ ငါတကယ် ထင်မထားခဲ့ဘူး။သူ့ရဲ့ ဖုန်းကို ရုတ်တရက်မတွေ့ခဲ့ဘူးဆိုရင် သူအခုချိန်ထိ လျို့ဝှက်ထားအူံးမှာ။ဒီစက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ မိန်းမနဲ့ ငါမမြင်နိုင်တဲ့ နေရာမှာ ရှိနေမယ့်သူ့ကို တွေးလိုက်မိတာနဲ့ ငါသေချင်လာတယ်။ငါသူ့ကို ချက်ချင်းကွာရှင်းချင်တယ်။ဒါမယ့် ငါက မငယ်တော့ဘူး။ကွာရှင်းပီးတဲ့ မိန်းမတစ်ယောက်ဟာ နောက်ထပ်ယောကျာ်းကောင်းတစ်ယောက်ရဖို့ ခက်ခဲတယ်။ ဇီယန်ကော ငါဘာလုပ်သင့်လဲ" အဆုံးမှာတော့ သူမ အရမ်းကို စိတ်မကောင်းဖြစ်ပြီး ငိုပါတော့တယ်။
ВЫ ЧИТАЕТЕ
သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅
Любовные романыAuthor(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, credit to all Author and English translators. ___________________________________________ ❧ Summary လင်ခ...