Chapter - 34.1 [Uni+Zawgyi]

2.7K 257 2
                                    

Chapter 34.1

သူက သူ့လက်မောင်းကို သူမခါးမှာပတ်ထားလိုက်ပြီးသူမအားစလိုက်သည်။ " အဲ့ဒါဆိုကိုယ်က ရုပ်ချောလို့ပေါ့လေ? အနာဂတ်မှာ ကိုယ့်ထက်ပိုကြည့်ကောင်းတဲ့သူနဲ့တွေ့ရင်တော့ ကိုယ်ကကန်ထုတ်ခံရမှာပေါ့လား?"

လင်းချင်းချင်း က မစ်စတာရီ ကို ဒီလိုပြောမယ်လို့ သူမ မမျှော်လင့်ထားပါဘူး၊ ပိုကြည့်ကောင်းတဲ့သူနဲ့တွေ့တဲ့အခါ သူ့ကိုကန်ထုတ်ပစ်မှာ ဆိုတာကဘာကိုဆိုလိုတာလဲ? ဒီလို သန်မာပြီး ယုံကြည်မှုရှိတဲ့ မစ္စတာရီမှာ ဒီလို အတွေးမျိုးကလည်း ရှိတယ်တဲ့လား?

 
လင်းချင်းချင်းက တခစ်ခစ်ရယ်ရင်း၊ သူမရဲ့  မျက်လုံးလေးများဖြင့် အပြုံးကြောင့်ကိုင်းညွတ်သွားခဲ့ပြီး အလွန်ကြည့်ကောင်းနေခဲ့သည်- "မဟုတ်ပါဘူးနော်၊ ရှင်က ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော မစ်စတာရီ ပဲလေ။ ရှင့်ထက် ရုပ်ရည်ပိုကြည့်ကောင်းတဲ့သူရှိရင်တောင်မှ ရှင်မဟုတ်ရင်မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မကတစ်ဘဝလုံးမှာ ရှင့်တစ်ယောက်တည်းကိုပဲ ချစ်တယ်။ ရှင်က ကျွန်မရဲ့ တစ်ဦးတည်းသော နတ်ဘုရားပါပဲ"

ရီဇီယန် : "......"

သူမက အခုတင်သူ့ကို အနိုင်ကျင့်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် သူ့ကို အချိုသတ်သွားပြန်သည်၊ ဤအရာလေးက သူ့နှလုံးသားကို တကယ့်ကိုတစ်ချိန်လုံး တုန်ခါသွားစေခဲ့သည်။

 
ရီဇေယျာန်က တစ်ခုခု ချဲ့ထွင်လာသလို ခံစားလိုက်ရပေမယ့် သူအရမ်းသက်တောင့်သက်သာ ခံစားရပါတယ်၊ ပြောစရာရှိပုံပေါ်ပေမယ့်လည်း ဝမ်းသာလုံးဆို့နေတဲ့အတွက်ကြောင့် ဘာမှကိုမပြောနိုင်ခဲ့ပါဘူး။ သူကသူမကို ရိုးရိုးရှင်းရှင်း ငုံ့ကိုင်းကာဖက်လိုက်ပြီး ခေါင်းကို ငုံ့ကာ သူမနှုတ်ခမ်းတွေကို နမ်းလိုက်တယ်။

နွေဦးမိုးကဲ့သို့ စိုစွတ်နေတဲ့ ချစ်ခြင်းမေတ္တာအနမ်းဟာ တိတ်ဆိတ်ပြီး ဂရုတစိုက်ရှိလှသည်။

 
လင်းချင်းချင်း မကြာမီပင် သူ့အနမ်းကြောင့် မူးနောက်သွားခဲ့ပြီး သူမ ထိုယောက်ျား၏ အန္တရာယ်ရှိမှုကို စိတ်ထဲကသာကြိမ်းမောင်းလိုက်သည်။ သူမတို့ ညနက်သည်အထိ အိမ်ပြန်ရောက်နိုင်မည်မဟုတ်ပေ။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Dove le storie prendono vita. Scoprilo ora