သူမ အပေါ်ထပ်ကို မော့ကြည့်လိုက်သည် သို့သော်လည်း ထိုအချိန်တွင်တော့ မည်သူမှမရှိပေ။သူမ သူမရဲ့ လက်သီးများကို ကျစ်ကျစ်ဆုပ်လိုက်ပြီး လူအများရှေ့တွင် ၀တ်စုံချွတ်ပြီးကပြရန်သာ ဆုံးဖြတ်ခဲ့ရသည်။ ဒါဟာ သူမအတွက် အရှက်စရာကိစ္စကြီးပါဘဲ၊ ဒါပေမယ့် သူမအစ်ကိုကြီးရဲ့ မလုပ်ရင် ဘယ်တော့မှဇာတ်လမ်းဆုံးတော့မှာ မဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုသူမသိပါတယ်။ ရီဇီယန်က ဘယ်လောက်ထိရက်စက်တတ်တယ်ဆိုတာကိုလည်း သူမ အတိအကျကို သိသည်။
လူတိုင်းကအပျော်ကစားကြသော်လည်း ရီဇီယန်ကတော့ စိတ်သဘောထားကျဉ်းမြောင်းကာ အရမ်းကိုမှလည်း serious ဖြစ်လွန်းသည်။
သူမက အံကြိတ်ကာ လူအုပ်ထဲမှ မျက်နှာတစ်ခုချင်းစီကို တစ်ချက်ချင်း လိုက်ကြည့်လိုက်ပြီး ရယ်မောကာ လင်းချင်းချင်းကို အနည်းငယ် လှောင်ပြောင်လိုက်သည်။ ထို့နောက် သူမက ခေါင်းကိုမော့လိုက်ပြီးပြောလိုက်သည်။ "ဒါက ဝတ်စလစ်အကပဲကို ကြီးကြီးမားမားကိစ္စမှမဟုတ်ပဲ။ နင်သာကပြရဲရင်လည်း နင်ပျော်နေမှာပါ!"
လင်ချင်းချင်း "——"
မူလကတော့ ရီဇီယန်ရဲ့မိခင်က ဝင်ပြောတာကြောင့် လင်ချင်းချင်းက နောက်ပြန်ဆုတ်ပေးခဲ့သည်။ သို့သော် လု မောင်နှမက ဤမျှရိုးသားစွာနဲ့ တောင်းပန်မယ်လို့ သူမမျှော်လင့်ခဲ့ပေ။ သူမ ဝတ်စလစ်အကကို လက်မခံပုံပေါ်သော လုဝမ်ချန်း ကို တစ်ချက်ကြည့်လိုက်သည်။
ဒါပေမယ့်လည်း Lu မောင်နှမတွေကတောင် ဒီလိုဆိုမှတော့၊ သူမလည်း သူတို့ကို မျက်နှာသာပေးလိုက်ပါတယ်။ သူမလုဝမ်ချန်းကို ပြုံးပြီးပြောလိုက်သည်။ "ကျေးဇူးပြုပြီး"
လုရှို့ယွမ်က စန္ဒယားအတီးက တကယ့်ကိုကောင်းပါတယ်။ လုဝမ်ချန်းရဲ့ အဝတ်ချွတ်အကကတော့... ဒါက အဝတ်ချွတ်ကာကခုန်ရခြင်းဖြစ်သော်လည်း သူမကအဝတ်အစားအားလုံးကို မဖယ်ရှားခဲ့ပေ သူမရဲ့ခန္ဓာကိုယ်ပေါ်တွင် စကတ်တစ်ခုကျန်ခဲ့ပါသေးသည်။ သူမမှာ အတော်လေးကို ကခုန်ချင်စိတ်မရှိတာကြောင့် အကကအမြင်၌ အနည်းငယ် ကိုးရိုးကားယားနိုင်ပြီး ဖျော်ဖြေမှုတစ်ခုလုံးကို ကြည့်ရသည်က တကယ့်ကိုကြည့်မကောင်းပေ။
VOUS LISEZ
သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅
Roman d'amourAuthor(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, credit to all Author and English translators. ___________________________________________ ❧ Summary လင်ခ...