Chapter - 49.2
မူလကတော့ ချီချီက နွေရာသီအားလပ်ရက်မတိုင်မီ မိုချင်းယန် အတွက် အယ်လ်ဘမ်ထုတ်ရန် စီစဉ်ခဲ့သော်လည်း လွန်ခဲ့သော ခြောက်လတွင် သူမ၌ ကိစ္စပေါင်းများစွာ စုပုံနေခဲ့ပြီး အရမ်းကိုအလုပ်များနေခဲ့တာပါ။ ထိုကာလအတွင်း လင်ချင်းချင်းက လူတစ်စုသို့ ခေါ်ယူခဲ့သည်။ ဂီတစီစဉ်သူ လက်ထောက်နှစ်ဦးနှင့် တေးရေးဆရာ နှစ်ဦးကို ခေါ်ယူခဲ့တာပါ။ လူတိုင်းဟာ အလျင်စလိုဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင်တော့ သီချင်း ဆယ့်နှစ်ပုဒ် ပြီးသွားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်ဝင်သီချင်း (Mo Qingyan နှင့် မျိုးချစ်အဆိုတော်ဟောင်းတစ်ဦး သီဆိုထားသည့် မျိုးချစ်တီဗီစီးရီး) အပါအဝင် သီချင်းခုနစ်ပုဒ်သာ အပြီးသတ်ခဲ့ပါသည်။
ဒါကြောင့် EP ပုံစံနဲ့ နောက်ဆုံးမှသာထွက်ရှိခဲ့ပါတယ်။
EP ထွက်လာပြီးနောက် ချီချီသည် USA သို့သွားရန် ထွက်ခွာခဲ့သည်။ သုတ်ပိုးဝယ်ဖို့နဲ့ ကလေးမွေးဖို့ သူမက အမေရိကကို အမြဲတမ်း သွားဖို့ဆန္ဒရှိနေခဲ့တာပါ။
EP ရမှတ်က သိပ်မဆိုးပါဘူး၊ တစ်နှစ်တာအကောင်းဆုံးအဆိုတော်နဲ့ တစ်နှစ်တာအကောင်းဆုံးတေးရေးဆရာဆုအတွက် သီချင်းတစ်ပုဒ်က ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ရွှေသံစဉ်ဆုအတွက် အကောင်းဆုံးတေးရေးဆရာအဖြစ် ဆန်ခါတင်စာရင်းဝင်ခဲ့သည့်အတွက် လင်ချင်းချင်း သဘာဝကျကျပင် ပွဲအားတက်ရောက်ချင်ခဲ့ပြီး Mrရီ သည် သူမနှင့် အတူလိုက်ပါရန် အထူးတလည်ပြင်ဆင်ခဲ့သည်။
လင်ချင်းချင်း သည် ဆုရရန် မမျှော်လင့်ထားပေ Golden Melody Awards တွင် ပါဝင်ရခြင်းကပင် ကြီးမားလို့နေပါပြီ။ ထို့အပြင် ယခုအကြိမ် Golden Melody Awards တွင်လည်း ကြီးကျယ်ခမ်းနားသော ဂီတနတ်ဘုရားများစွာ ပါဝင်သည်။ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းရင်းနှီးခွင့်ရတာ ကောင်းပါတယ်။
ဆုပေးပွဲအခမ်းအနားကို အကောင်းဆုံး အမျိုးသား၊ အမျိုးသမီးအဆိုတော်ဆုဖြင့် စတင်ခဲ့သည်။ လင်ချင်းချင်းသည် မိုချင်းယန် အတွက် ဆုရရှိရန် မျှော်လင့်ချက်အချို့ ထားရှိဆဲဖြစ်သည်။ ကံမကောင်းစွာပဲ၊ အယ်လ်ဘမ်ကိုပထမနှစ်ဝက်အကြာတွင် ထွက်ရှိခဲ့တဲ့ Super Tianhou မှ ဝမ်ဝမ် က အကောင်းဆုံးအမျိုးသမီးအဆိုတော်ဆုကို ချီးမြှင့်ခံခဲ့ရသည်။ ဝမ်ဝမ် ၏သီချင်းများသည်လည်း အမြဲတမ်းကို ကောင်းမွန်ခဲ့ပါသည်။ ဒါ့ကြောင့်ပဲ မိုချင်းယန် က သူမကို ရှုံးရတဲ့အပေါ် လင်ချင်းချင်း တွင်ပြောစရာရှိမနေပေ။
YOU ARE READING
သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, credit to all Author and English translators. ___________________________________________ ❧ Summary လင်ခ...