Chapter - 20.1 [Uni]

4.8K 565 11
                                    

- သူက ဆွဲ‌ဆောင်မှု ရှိလွန်းလို့ သူမ နမ်းရုံမှတစ်ပါး မတတ်နိုင်ခဲ့။

သူမ ရှန်ဟွရန် နဲ့လည်း တစ်ချိန်က ချစ်ခဲ့ဖူးပေမယ့် လက်ကလေး ကိုင်ထားရုံ တခါတလေ ပွေ့ ဖက်ထားရုံနဲ့ ချစ်ခြင်းမေတ္တာကို ပြသတဲ့ ရိုးရှင်းတဲ့ ချစ်ခြင်းတစ်မျိုးပါပဲ။ပိုပြီး နီးကပ်တဲ့ အခိုက်အတန့်တွေမှာ သူတို့ အနမ်းတွေ ဖလှယ်ကြပေမယ့် ရေပေါ်မှာ ပုစဉ်းတစ်‌ေကာင် ဖြတ်ပျံ နေသလိုမျိုးပါပဲ။

အဲ့ဒီ့အချိန်တုံးက သူမဟာ ပြင်းပြတဲ့ ချစ်ခြင်းမျိုးကို အတွေ့အကြုံရဖို့ မရူးသွပ်ခဲ့ဘူး။အဲ့ဒီ့အစား သူမဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ဖို့ပဲ အိပ်မက်မက်ခဲ့ပြီး ပလက်ဖောင်းပေါ်မှာ ရပ်ပြီး လူတွေ အများကြီးရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့တယ်။သူမအိပ်မက်နဲ့ယှဉ်လာရင် ဘယ်အရာကမှ အရေးမကြီးသလို ခံစားရတယ်။

နှစ်တွေကြာပြီး အခုလို ယောကျာ်းနဲ့ မိန်းမကြားက ဆက်ဆံရေးမှာ သူမ ဒီလောက် တက်ကြွပြီး အရှက်မဲ့လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။‌သူမကိုယ်တိုင် ယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ပစ်လှဲပြီး လူဆိုး* ဆော့ရအောင်လို့ သူမ ဘယ်တုံးကမှ မစဉ်းစားခဲ့ဘူး။

သူမရဲ့ မျက်လုံးတွေကို ရှောင်ပြီး သူမကို ခဏ‌ေလာက် စစ်ဆေးဖို့ မကြိုးစားခင်မှာ ရီဇီယန်ရဲ့ ကိုယ်လုံး တောင့်တင်းနေတာကို သူမသတိထားမိလိုက်တယ်။သူက သူရဲ့ လက်ကို သူမခါးပေါ်မှာ တင်ပြီး မေးလိုက်တယ် " ဒီနားလား"

သူမ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ကာ မျက်နှာကို သူ့ရင်ဘတ်ထဲမှာ ဖွက်ထားရင်း ပြုံးလိုက်တယ် " အင်း အဲ့ဒီ့နား"

သူမ အရမ်းကို ပျော်ပျော်ရွှင်ရွှင် ပြုံးနေပြီး သူမ အသံထဲထိပါ ဝင်ရောက်လာတဲ့ အပြုံးကို ထိန်းထားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ဒါပေမယ့် ရီဇီယန်က အာ့ဒါကို လုံးဝသတိမထားမိပဲ သူ့ရဲ့လက်‌ချောင်းတွေက သူမရဲ့ နူးညံ့တဲ့ ခါးလေးကို ဖိလိုက်တဲ့အခါ သူ့နားရွက်တွေ နီရဲလာပေမယ့် သူ့ပုံစံကတော့ တည်တည်ငြိမ်ငြိမ် ပါပဲ ။ပြီးတော့ သူမ ခါးကိုပဲ ညင်ညင်သာသာ ပွတ်ပေးနေတယ်။သူ့လှုပ်ရှားမှုတွေက အရမ်းကို ညင်သာလွန်းလို့ သူမ အရမ်းကို သက်တောင့်သက်သာ ခံစားရတယ်။
လင်ချင်းချင်း ဒီခံစားမှုကို နှစ်သက်ပေမယ့် အဲ့ဒီ့အချိန်မှာပဲ တစ်ဖက်က မေးတဲ့ အသံတစ်သံကို ကြားလိုက်ရတယ် " မင်းတို့ အဆင်ပြေကြရဲ့လား"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Donde viven las historias. Descúbrelo ahora