Chapter - 54.2 [Uni+Zawgyi]

1.5K 140 2
                                    

Chapter - 54.2 {Extra 5}

ထိုအချိန်မှသာ လင်ချင်းချင်းက သူမပြောခဲ့သည်က ဘယ်လိုအဓိပ္ပါယ်ရောက်သွားသည်ကို သဘောပေါက်သွားတော့သည်။ သူမ၏ ပါးပြင်များက မသိစိတ်ကြောင့် နီမြန်းသွားပါသော်လည်း ယခုအခါ သူမတို့ကလင်နှင့်မယား ဖြစ်နေကြပါပြီ။ သူဒီလိုပြောလို့လည်း အဆင်ပြေတာပဲမဟုတ်လား? ဒါကို သူမတွေးမိတဲ့အခါ လင်ကျန်းကျန်းက သူမရှက်စရာ ဘာမှမရှိဘူးလို့ ခံစားလိုက်ရတယ်။

နေ့ခင်းဘက်တွင် လင်ကျန်းကျန်းသည် သူမနှင့် ဝူကျီတို့ ၏အိမ်လေးသို့ ဦးစွာပြန်သွားခဲ့သည်။ သူမ ဤနေရာသို့ပြောင်းလာတာ သိပ်မကြာသေးသော်လည်း အဝတ်အစားများကို ခွဲခြမ်းကာထည့်ပြီးသားဖြစ်နေပြီဖြစ်ပြီး သူမဖတ်လိုသော စာအုပ်များနှင့် ပစ္စည်းများအချို့ကိုတော့ မထည့်ရသေးပါဘူး။ အခန်းသုံးခန်းထဲမှ တစ်ခုကို စာသင်ခန်းအဖြစ် အထူးအသုံးပြုထားသည်။ ဝူကျီသည် များသောအားဖြင့် စာဖတ်ခြင်းကို သိပ်မကြိုက်သောကြောင့် စာဖတ်ခန်းက အလွန်ဗလာဖြစ်လို့နေပြီး စာအုပ်အနည်းငယ်သာရှိခဲ့သည်။ လင်ကျန်းကျန်းက သူမယူလာခဲ့တဲ့ စာအုပ်တွေကို ထည့်ပြီးတဲ့အခါ မှတ်စုစာအုပ်တွေထဲက တစ်အုပ်က ပြုတ်ကျသွားခဲ့တယ်။ လင်ကျန်းကျန်း ထိုမှတ်စုစာအုပ်ကို ကောက်လိုက်တဲ့အခါ မှတ်စုစာအုပ်ထဲက ဓာတ်ပုံတစ်ပုံ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသည်။ သူမ ကောက်ကိုင်ကာ ကြည့်လိုက်မိလေသည်။ ဒါက သူမဓာတ်ပုံမဟုတ်လား?

  
၎င်းကို အဖွဲ့ဓာတ်ပုံမှ ဖြတ်ယူထားတာဖြစ်လောကါသည်။ လင်ကျန်းကျန်း သေသေချာချာကြည့်လိုက်တော့မှ ဒါက အထက်တန်းကျောင်းဆင်းပွဲဓာတ်ပုံကနေ ဖြတ်ယူထားတာဆိုတာကို သိလိုက်ရတယ်။ ဝူကျီ၏အမေက သူမဓာတ်ပုံအား ဝူကျီ၏ဒိုင်ယာရီထဲက မြင်ဖူးတယ်လို့ ပြောခဲ့သည်ကို သူမရုတ်တရက်သတိရသွားခဲ့သည်။ သူမတကယ်မယုံကြည်ခဲ့ပါဘူး။ သူ့အကျင့်စရိုက်ကြောင့် ဒီလိုမျိုး ကြောင်တောင်တောင်လေးတွေ လုပ်လိမ့်မယ်လို့ သူမထင်ခဲ့ပါဘူး သို့ပေမယ့် သူကတကယ်ကြီးလုပ်မယ်လို့လည်း သူမ မထင်ခဲ့မိဘူး။

လင်ကျန်းကျန်း ဓာတ်ပုံကို မှတ်စုစာအုပ်ထဲ ပြန်ထည့်လိုက်တယ်။ သူမတွင် အခြားသူများ၏ ဒိုင်ယာရီများကို လှန်ကြည့်တတ်သည့် အကျင့်မရှိခဲ့ပေ။ သူ့မှတ်စုစာအုပ်ကို အပေါ်ပြန်တင်တော့မည်အပြု သူမနာမည်က ပထမစာမျက်နှာမှာ ရှိပုံပေါ်တာကို တွေ့လိုက်ရတဲ့အခါ သူမ မထိန်းနိုင်ဘဲ ဖွင့်ကြည့်မိလိုက်တယ်။ သို့သော်လည်း ပထမစာမျက်နှာတွင်ပင် 'ဝူကျီက လင်ကျန်းကျန်း ကိုကြိုက်သည်' ကို နာမည်နှစ်ခုကို အနက်ရောင် စာလုံးလေးများဖြင့် ရေးသားထားပြီး ကြိုက်သည်ကိုတော့ အထူးပုံသဏ္ဍာန် အနီရောင် ဘောပင်ဖြင့် အနီရောင်နှလုံးသားလေးနှစ်ခုဖြင့် ဆွဲကာရစ်ပတ်ထားသည်ကို မြင်လိုက်ရသည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ