Chapter - 48.2
ရီဇီယန် က ဆက်ပြောတယ်။ "စာချုပ်ချုပ်တုန်းက Miss လျန် မှာ ဆေးမှု ရာဇဝင်ရှိမှန်း မသိခဲ့ပါဘူး၊ သိခဲ့ရင်တော့ Miss လျန် ကို ထုတ်ကုန်သစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဘယ်တော့မှ ပေးခဲ့မှာ မဟုတ်ပါဘူး။ ရီချမ်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူစာချုပ်ကို ကျွန်တော်တို့ဘက်က ရပ်စဲလိုက်တာပဲ ဖြစ်ပါတယ်၊ ဒါတင်မဟုတ်သေးဘူး Miss လျန် ကို စုံစမ်းစစ်ဆေးဖို့ ရဲစခန်းကို ပို့ရလိမ့်မယ်။ မူးယစ်ဆေးဝါး သုံးစွဲတာဟာ ရာဇ၀တ်မှုတစ်ခုပဲ။
လုံခြုံရေးအစောင့်တစ်ယောက်က ရှေ့ကိုရောက်လာပြီး လျန်ရှင်း ရဲ့လက်ကို ဆွဲကိုင်လိုက်တယ်။ လျန်ရှင်း ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်ပြီး သူမရဲ့ခေါင်းထဲမှာ အသံပေါင်းစုံနဲ့ ပြည့်နှက်လို့နေတယ်။ လုံခြုံရေးအစောင့်က သူမကို တံခါးဆီဆွဲထုတ်သွားပြီးတော့မှ သူမပြန်သတိဝင်လာခဲ့တယ်။ "မဖြစ်နိုင်ပါဘူး! ဒါမဖြစ်နိုင်ဘူး! နင်တို့အားလုံးက လူလိမ်တွေပဲ! နင်တို့ငါ့ကိုလိမ်ခဲ့ကြတာ! နင်က အဖြူရောင် မဖြစ်နိုင်ဘူး!"
လျန်ရှင်း ကိုခေါ်ထုတ်သွားခဲ့ပါပြီ။ စိုးရိမ်စွာနဲ့ လျန်ဖေးဖေးဟာ သူမနောက်က လိုက်သွားခဲ့တယ်။ လင်းဖန် တစ်ယောက်သာ ရူးကြောင်ကြောင် ရပ်နေပြီး ဒီလိုမျိုးဘယ်လိုလုပ် ဖြစ်သွားရတယ်ဆိုတာ နားမလည်နိုင်ဖြစ်နေလေတယ်။
"ရှင့်ရဲ့ တော်လွန်းတဲ့ သမီးလေးကို ခေါ်ထုတ်သွားပြီနော်။ ရှင်လိုက်သွား ကြည့်သင့်တယ်မဟုတ်လား။" လင်ချင်းချင်း က သူ့ကို သတိပေးလိုက်တယ်။
အိပ်မက်တစ်ခုကနေ နိုးထလာသလို လင်းဖန်က လင်ချင်းချင်းကို ကြည့်ကာ တစ်ခုခုပြောရန် ပါးစပ်ကို ဖွင့်ဟလိုက်ပေမယ့် နောက်ဆုံးမှာတော့ သူဘာမှ မပြောနိုင်ခဲ့ဘူး။ အနည်းငယ် ပင်ပန်းနေပုံရပြီး ခေါင်းငုံ့ကာ လေးလံတဲ့ ခြေလှမ်းတွေနဲ့ ထွက်ခွာသွားခဲ့တယ်။
ရီဇီယန်ကလည်း လီသုန်ခိုင်အား လူခေါ်ပြီး ခေါ်ထုတ်သွားခိုင်းလိုက်တယ်။ နောက်ဆုံးတော့ ပါတီလည်း ငြိမ်သက်သွားခဲ့ပါပြီ။ အားလုံးက ဘာမှမဖြစ်ခဲ့ကြသလို ရယ်မောကာ စကားပြောဆိုနေကြတယ်။ သူတို့က ယခုနှစ် နှစ်ကုန် ဆုပေးပွဲအကြောင်းကို ဆွေးနွေးခဲ့ကြပြီးတော့ လူအများအပြားက လင်ချင်းချင်းနဲ့ ရီဇီယန်ကို ကြိုဆိုခဲ့ကြတယ်။
YOU ARE READING
သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Zǐ Qīng Yōu 紫青悠 Mm translator - Dora_lucy Start date - 25.9.2021 End date - 2.12.2023 I don't own this novel, credit to all Author and English translators. ___________________________________________ ❧ Summary လင်ခ...