Our Dirty Little Secrets 2

23.1K 340 68
                                    

" လွှမ်းနောင်စစ်"

ကိုလို့မခေါ်ပဲ
သူ့နာမည်အားအပြည့်အစုံခေါ်လိုက်တဲ့
အသံခပ်စူးစူးကြောင့်
သူဟာသောက်လက်စရေပင်သီးမလိုဖြစ်သွားရတော့သည်။

" မနေ့က လွယ်အိတ်ကျန်ခဲ့တာသိတယ်နော် "

" သိပါတယ် babe"

အထစ်ထစ်အငေါ့ငေါ့ဖြေရင်း
မတက်နိုင်တော့အတက်နိုင်ဆုံးမျက်နှာချိုသွေးရင်း
လွှမ်းနောင်စစ် လှည့်ကြည့်သည်။

သူ့အားစူပုတ်ပုတ်မျက်နှာထားနှင့်ကြည့်နေတဲ့ ချစ်ရသူ​ရေဗက္ကာ​၏ စိတ်ကောက်မှု level သည် အမြင့်ဆုံးဖြစ်နေသည်ဆိုတာကို သူသတိပြုမိသည်။

အခြေအနေမကောင်းဘူးဆိုတာသိလိုက်ပေမဲ့
သူ့အား ထိုစွာကျယ်မလေးသည်စာအုပ်နဲ့လှမ်းထုတာမို့
သူဟာ အနောက်သို့ ခြေလှမ်းတွေနောက်ဆုတ်ရက်သားဖြစ်သွားကာ လက်နဲ့ကပျာကယာ ကာရတော့လေသည်။

186 cm လောက်ရှည်တဲ့ သူ့အရပ်ကို ရေဗက္ကာဟာ ခုန်ခုန်ပြီးထုနေနိုင်အောင် စွာသည်။

ဘောလုံးကွင်းထဲက သူ့ဘော်ဒါတွေကတော့ သူတို့နှစ်ယောက်အားမထူးဆန်းတဲ့မြင်ကွင်းတစ်ခုလိုကြည့်ရင်းရယ်နေခဲ့သည်။

" babe ကို ရှင်းပြမယ်"

ပြောနေပေမဲ့ ရေဗက္ကာဟာ ကျားရဲမလေးသားကောင်ကို ကုတ်ဖဲ့နေသလို
စာအုပ်နဲ့ သည်းကြီးမဲကြီးထုရုံအားမရ
သူ့လက်ကို ခွေးမလေးလိုကုန်းကိုက်တော့သည်။

" ကို့ဟာမဟုတ်ဘူး babe ရဲ့
ဟိုကောင်တွေ ကောင်းမြတ်ဟန်ဟာ
ဟေ့ရောင် ကိုယ့်ကိစ္စကိုယ်လာရှင်း"

လွမ်းနောင်စစ် ဟာစစ်ကူခေါ်နေပေမဲ့ ကောင်းမြတ်ဟန်ကတော့ခေါင်းခါပြသည်။

" မသိဘူး ရှင့်လွယ်အိတ်ထဲကဟာရှင့်ဟာပေါ့
ကျွန်မသွားတော့မယ်"

ငိုမဲ့မဲ့မျက်နှာနဲ့ သူမအား လွှမ်းနောင်ဟာရယ်၍ပင်ငေးကြည့်နေခဲ့သည်။

" ဘာလဲ...တကယ်စိတ်ဆိုးသွားတာလား"

" ဆိုးတယ်"

Our Dirty Little SecretWhere stories live. Discover now