Our Dirty Little Secrets 3

20.3K 307 42
                                    



December လမို့ ညမှောင်တာသိပ်စောလွန်း​၏

အပြင်ဘက်မှာ မြူတွေလားတိမ်တွေလားမကွဲပဲ
ဖျော့တော့သွားတဲ့နေရောင်ခြည်အောက်မှာ
ပတ်ဝန်းကျင်တစ်ခုလုံးက မှုန်ဝါးနေခဲ့​၏။

" Babe"

Laptop နဲ့စာလုပ်နေစဉ် ခပ်အုပ်အုပ်ခေါ်တဲ့အသံကြောင့် ရေဗက္ကာ ခန္ဓာကိုယ်လေး သိမ့်ခနဲဖြစ်သွားသည်

ဘေးမှာတခူးခူးတခေါခေါ အိပ်နေသော အဲလ်နာရှိနေတဲ့အချိန်မှ ရောက်ချလာသော ကို့ ကိုဘယ်လိုနှင်ရတော့မလဲမသိပါ

" ခဏ... ခဏ နေဦး"

ခပ်အုပ်အုပ်ပြောရင်း သူမငုံ့ကြည့်လိုက်ချိန်မှာ
ကိုဟာ သူမ ပြတင်းပေါက်အဝနားထိရောက်နေပြီဖြစ်သည်

" ဘာလာလုပ်တာလဲ"

သူမအား ညိုတိုတို မျက်ဝန်းတွေနဲ့ မော့ကြည့်နေသော ကို့ကို ရေဗက္ကာ ခပ်တိုးတိုးမေးကာနမ်းလိုက်သည်။

ပြတင်းတံခါးမှတွယ်တက်လာရင်း
တိုက်အစွန်းအစ လေးကို စွန့်စွန့်စားစားနင်းထားပေမဲ့ 
ရေဗက္ကာ ရဲ့ အနမ်းလေးတွေဟာ နှင်းတွေထဲမှပြေးလာတဲ့သူအဖို့နွေးစေသည်။

" Tattoo ထိုးတာအောင်မြင်တဲ့အနေနဲ့ကိုတို့ celebration လုပ်ရမယ်လေ"

ကိုပြောတော့ ရေဗက္ကာဟာ အသံထွက်ကာရယ်မိတော့သည်။

" အခန်းထဲတော့မရဘူးထင်တယ်"

ကိုဟာ ရေဗက္ကာအခန်းကိုဝေ့ဝဲကြည့်ပြီးပြောတာမို့
အားနာစွာခေါင်းညိတ်ပြလိုက်တော့သည်

" လာ ကိုနဲ့ လိုက်ခဲ့"

                           ......................

လူကိုရင်ခုန်အောင်လုပ်တဲ့နေရာမှာ ကိုဟာ ဆရာတစ်ဆူဖြစ်သည်ထင်​၏

ယခုလည်း သူတို့ရောက်နေတဲ့နေရာက အိမ်ခေါင်မိုးပေါ်မှာဖြစ်​၏။

" ဒါသောက်လိုက် နွေးသွားလိမ့်မယ်"

ကိုဟာ သူ့ရဲ့ coat အင်္ကျီဖားဖားကြီးထဲမှ Chivas whisky အားထုတ်ပြလိုက်တာမို့

Our Dirty Little SecretWhere stories live. Discover now