Allogeneic transplant ကြောင့်
အနီးစပ်ဆုံး doner တွေ့ဖို့လိုအပ်တာကြောင့်ဆေးရုံမှာအစောကြီးကြိုရောက်နေခဲ့တာ ယခုဆို တစ်လနီးနီးရှိပြီဖြစ်သည်။
ဆွေမျိုးသားချင်းမရှိသော လွှမ်းနှောင်စစ်အဖို့ အနီးစပ်ဆုံးMatching ဖြစ်တဲ့သူကိုအတော်လေးရှာဖွေရတာဖြစ်ပြီး
မခွဲစိတ်ခင်ကတည်းက ကိုယ်ခံအားကို ချထားဖို့လိုအပ်သလို chemotherapy ပါသွင်းရတာမို့
နဂိုရှိရင်းစွဲခန္ဓာကိုယ်က တစ်ဝက်သာကျန်တော့သည်။ခုခံအားသည် bone marrow transplant လုပ်အပြီး infection အဖြစ်ဝင်လာတက်တာမို့ကြိုတင်ကာ
ချထားရချင်းဖြစ်သည်" လူငယ်ပဲ complete remission ပြန်ဖြစ်မှာသေချာတယ် တောင့်ခံနိုင်ဖို့ပဲလိုတယ်"
ဆိုတဲ့ ဆရာဝန်ရဲ့စကားတွေကြား ခပ်ယဲ့ယဲ့သာပြုံးမိသည်
အမေ့တုန်းက ဒီလိုသာ သူသေချာကုသပေးနိုင်ရင်
အမေဟာ စောစီးစွာလက်ပြနှုတ်ဆက်သွားမှာမဟုတ်ဟု နောင်တတချို့တစ်ဝက်က ဦးနှောက်ထဲမှာကြီးစိုးနေသည်သူကောင်းမွန်စွာဆေးကုသခွင့်ရနေတာကိုတောင်လိပ်ပြာမလုံပါ
အမေ့ကိုအကြိမ်ကြိမ်ဒူးထောက်ကာတောင်းပန်ချင်ပေမဲ့ အခုချိန်မှာဘယ်အရာနဲ့မှအစားထိုးခွင့်မရှိတော့ပါ
အထူးသဖြင့်တစ်ယောက်တည်းတစ်ချို့ညတွေမှာ
ဆေးဒဏ်အလူးအလဲခံနေတဲ့အချိန်တွေဆို အမေဟာအနားကိုရောက်လာအားပေးနေသလိုပင်ခံစားရသည်။အမေ့ကိုသတိရမိသလို
ဟိုကလေးမလေးရော ကောင်းကောင်းမွန်မွန်နေရစ်ခဲ့မလားလို့တွေးနေမိသည်" ရေဗက္ကာဆိုတာ ကောင်မလေးလား"
ခြေရင်းနားရှိစောင်အားလာခေါက်ပေးသော india နာစ်မလေး Chaaya ကမေးတော့ မှေးစင်းနေတဲ့မျက်လုံးတွေကိုအသာအယာဖွင့်ရင်းခေါင်းညိတ်ပြလိုက်သည်။
"ရှင် သတိလစ်နေရင်
မကြာခဏယောင်တက်လို့ "နာစ်မလေးအပြောကြောင့် သူ့ရဲ့ဖြစ်တည်မှုကိုသူသဘောပေါက်ပြီးအသာအယာပြုံးမိသည်
YOU ARE READING
Our Dirty Little Secret
RomanceDescription ရေးရင် spoiler တွေပါမှာစိုးလို့မရေးတော့ပါဘူး ဒီ Fic လေးမှာ ML နှစ်ယောက်ပါမှာပါ Mature on ပြီး Adult Scene တချို့ပါဝင်တာမို့ Sensitive ဖြစ်လွန်းသော Innocent လွန်းသော အပြစ်ကင်းစင်လွန်းသောဘေဘီလေးများနဲ့ GEEK ကြီးတွေလည်းကျေးဇူးပြုပြီးကျော်...