Our Dirty Little Secrets 13

9.4K 236 109
                                    

Gym ထဲရောက်ရောက်ချင်း အဲလ်နာသည်
တစ်စုံတစ်ဦးကိုမျက်လုံးတွေဝေ့ဝဲပြီးရှာမိသည်။

registration စာအုပ်ထဲမှာ တွေ့သော
သူ့နာမည်က ရိပ်စစ်တဲ့

သူမထက် ၃ နှစ်လောက်ငယ်ပေမဲ့
သူ့ကိုယ်သူ အကိုက ဟုသုံးနှုန်းနေသော
ထိုကောင်လေးသည်အခုတော့ ညိုးနွမ်းနေတဲ့ မျက်နှာနဲ့အတူ gym corner မှာ ငူငူကြီးထိုင်နေခဲ့သည်။

ဘာရယ်ကြောင့်မှန်းမသိ
အရင်ကထိုကောင်လေးကိုပန်းဆိုင်မှာအကြိမ်ကြိမ်
တွေ့ရင်ဘယ်လိုမှမခံစားခဲ့ရပေမဲ့

အခုလိုသူမအပေါ် ချေမိုးပြလိုက်ကာမှ သူမ​၏အသည်းနှလုံးကို သူကအပိုင်စားရသွားပုံပေါ်​၏

" ရော့... "

သူ့ရှေ့မှာမတ်မတ်ကလေးလာရပ်သည့်ခြေတစ်စုံကြောင့် ရိပ်စစ်ခန္ဓာကိုယ်နဲ့ လွှမ်းနောင်စစ်ဟာ မျက်လုံးတွေပင့်ပြီးကြည့်လိုက်သည်

" မောနေတဲ့ပုံပေါက်နေလို့
အအေးတိုက်တာ"

အဲလ်နာသည် ပထမဆုံး သတ္တိတွေကိုစုစည်းပြီး ပြောလိုက်ပေမဲ့
သူကတော့ လူကို ခပ်စူးစူးပြန်ကြည့်နေတာမို့
မျက်လွှာတွေချထားရတော့သည်။

" အကိုက soda ပါတဲ့ အအေးတွေမသောက်ဘူးညီမ"

ငြင်းလိုက်တာတဲ့လား
အဲလ်နာ​၏ ပထမဆုံးမျှော်လင့်ချက်အားလုံးသည်ရေစုန်မျောသွားသလိုခံစားလိုက်ရသည်။

အကြိမ်ကြိမ်သူမကိုခိုးကြည့်ခဲ့သော မျက်ဝန်းတွေကို အဲလ်နာကောင်းကောင်းမှတ်မိသည်။
သူငါ့ကိုတကယ်မကြိုက်ခဲ့တာလား

" sorry"

ခပ်တိုးတိုးရေရွတ်ရင်းလှည့်ထွက်မည်အလုပ်

" ဟေ့" ဆိုတဲ့ အသံကိုကြားလိုက်ရတာမို့ရင်တွေပန်းတွေတစ်ကိုယ်လုံးခုန်သွားရတော့သည်။

"မင်းကိုသိလားဆိုပြီး
မနေ့ကငါ့ကိုမေးတယ်လေ
ငါအခုသတိရလာပြီ
မင်းက ရေဗက္ကာရဲ့ညီမ မလား"

မမနာမည်အား ရေဗက္ကာဟု ခပ်တည်တည်ကောက်သုံးသောကြောင့် အဲလ်နာအတော်လေးအံ့ဩမိတော့သည်။
တကယ်ဆိုမမရေဗက္ကာသည်သူ့ထက်အသက်အများကြီးကြီးတယ်မဟုတ်လား

Our Dirty Little SecretWhere stories live. Discover now