ဓာတ်လှေကားထဲကိုခပ်မြန်မြန်ပြေးဝင်ရင်း
၁၂ လွှာခလုတ်ကို ရေဗက္ကာအသာအယာနှိပ်လိုက်သည်။လက်ထဲမှာသေချာကျနစွာကိုင်ထားတဲ့
ကိတ်မုန့်ဘူးနဲ့အတူ
အလှဆုံးပြင်ဆင်ကာထွက်လာခဲ့သည့်သူမသည်
ကို့ကိုတော့ကြိုတင်ချိန်းဆိုထားခြင်းမရှိပါ။တကူးတကအံ့ဩသွားစေချင်တာမို့ တိတ်တိတ်လေး surprise လုပ်ဖို့ထွက်လာခဲ့ခြင်းဖြစ်သည်။
ဒီနေ့က ကို့မွေးနေ့....
ကိုသည် မွေးနေ့ တွေ အထိမ်းအမှတ်တွေကိုလည်းဘယ်တော့မှမှတ်ထားလေ့ရှိသူမဟုတ်ပါ
အခုတောင်သူ့မွေးနေ့သူမေ့နေလောက်မည်ထင်၏။
မွေးနေ့ဆိုတာအရေးတယူလုပ်ရမဲ့အရာမဟုတ်သလို သူတည်ရှိနေခြင်းက လောကကြီးအတွက်အပိုဖြစ်နေသည်ဟု ကိုဟာမကြာခဏပြောဖူး၏ဘာလို့များကိုဟာဒီလိုတွေတွေးခေါ်ရတာလဲ
ရေဗက္ကာမသိပါတကယ်ဆို
ကိုဟာ ရေဗက္ကာရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလိုမျိုးအရေးပါနေတဲ့သူဖြစ်နေပြီဆိုတာတော့သိသင့်သည်။အရင်ကတော့ကိုနဲ့ရေဗက္ကာတို့၏အိမ်သည်
လမ်းချင်ကပ်ရပ်သာဖြစ်ခဲ့ပေမဲ့ယခုတော့ ကိုနေတဲ့ condo သည် သူမတို့အိမ်နဲ့အတော်လေးအလှမ်းဝေးနေတဲ့နေရာမှာရှိနေသည်။
သူ့အိမ်နဲ့အဆင်မပြေသောကိုသည်
လွန့်ခဲ့တဲ့ နှစ်နှစ်ကတည်းက ဒီ condo မှာတစ်ယောက်တည်းပြောင်းလာနေနေခြင်းဖြစ်၏။ဓာတ်လှေကားဖွင့်ပြီးအခန်းဝကိုလျောက်သွားရင်း
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရေဗက္ကာ
လက်သီးတွေကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။မလုံ့တလုံအဝတ်အစား
ဝတ်ထားသည့် မိန်းမနှစ်ယောက်ဟာ
ကိုနေတဲ့ Condo အခန်းထဲမှထွက်လာခဲ့သည်အခန်းထဲမှ တဘက်အပိုင်းစခပ်ဖြူဖြူကိုအောက်ပိုင်းသာ ပတ်ထားသော ကိုသည် ထိုအမျိုးသမီးနှစ်ယောက်ကို ပိုက်ဆံအုပ်တစ်အုပ်ထုပ်ပေးနေသည်
" ဘာလဲ.... ဖာခေါ်ချတာလား
ငါ့ကိုကျကော်ဖီသောက်မိလို့ လာသောင်းကျန်းပြီး"
YOU ARE READING
Our Dirty Little Secret
RomanceDescription ရေးရင် spoiler တွေပါမှာစိုးလို့မရေးတော့ပါဘူး ဒီ Fic လေးမှာ ML နှစ်ယောက်ပါမှာပါ Mature on ပြီး Adult Scene တချို့ပါဝင်တာမို့ Sensitive ဖြစ်လွန်းသော Innocent လွန်းသော အပြစ်ကင်းစင်လွန်းသောဘေဘီလေးများနဲ့ GEEK ကြီးတွေလည်းကျေးဇူးပြုပြီးကျော်...