ညနေခင်းဂျူတီဆင်းချိန်မို့ဆေးရုံဝန်းကြီးအတွင်းမှာ
လူတွေပျားပန်းခပ်စည်ကားနေလေ၏။ဂျူတီကုတ်အဖြူရောင်လေးတွေနဲ့ house ဆင်းနေသော ဆေးကျောင်းသူ ဆေးကျောင်းသားတွေအားလုံး
တစ်သုတ်ပြီးတစ်သုတ်စီဖြင့်
ဆေးရုံအဆောက်ဦးကြီးထဲမှထွက်လာခဲ့ကြသည်။ရေဗက္ကာလည်း
သူမ၏လက်ဆွဲအိတ်အပျော့သားလေးထဲမှ
နှုတ်ခမ်းနီကိုထုတ်လိုက်သည်။ထူပြည့်ပြည့်နှုတ်ခမ်းလေးတွေသည်နှုတ်ခမ်းနီခပ်ပါးပါးဆိုးလိုက်ရုံနဲ့ပြီးပြည့်စုံသွားစေသည်။
တစ်နေကုန်မျက်နှာပြောင်ဖြစ်နေသော မျက်နှာလေးကိုလည်း ကိုနဲ့တွေ့ရတော့မှာမို့ ပေါင်ဒါအနည်းငယ်ပုတ်လိုက်သည်
"ကိုလာကြိုမယ်
တစ်နေရာကိုသွားစရာရှိတယ်" ဟုဖုန်းထဲမှပြောခဲ့သော ကို့အသံသည် ကြည်ကြည်သာသာတော့ရှိမနေပါလှေကားထစ်တွေအတိုင်းဆင်းလာပြီး
လှမ်းကြည့်လိုက်တော့ Farrier ကားအနီရောင်လေးသည် ဆည်းဆာနေရောင်ခြည်အောက်မှာ တခြားကားတွေထက် ထူးခြားထင်ပေါ်နေသည်ထိုနည်းတူစွာ
လူတွေအများကြီးထဲမှ ကိုသည်
ရေဗက္ကာမျက်လုံးထဲမှာတော့
ထူးခြားစွာကွဲထွက်ပြီးကြည့်ကောင်းနေသလိုပင်ကာကီရောင်ဘောင်းဘီရှည်ဟာ ကို့ရဲ့ခြေတံရှည်ရှည်ပေါ်မှာ ချပ်ကပ်သေသပ်စွာရှိနေပြီး နက်ပြာရောင်ရှပ်အင်္ကျီနဲ့ လိုက်ဖက်ညီလှသည်။
ကိုသည် ဒီနေ့မှ ထူးခြားစွာသူ့ရဲ့ ဆံပင်တွေကို သေချာသပ်ရပ်စွာဖီးသင်ထားခဲ့သည်။
ကျောင်းဝန်းထဲက ရေဗက္ကာ၏အတန်းဖော်တချို့သည်ပင် ကို့ အားကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည်မို့
ရေဗက္ကာသဝန်တိုမှုရေချိန်လေးပင် မြင့်တက်လာခဲ့သည်ဒါကြောင့်မို့ပင်
ဒါက ငါ့ကောင်လေး ဟူသောမျက်နှာထားနဲ့
ကို့ ကိုတွေ့တာနဲ့ လက်ကိုလှမ်းချိတ်လိုက်ရတော့သည်။" ဒီနေ့ ဘာအစီအစဉ်ရှိလို့လဲ"
ရေဗက္ကာသည် ကို့ မျက်နှာအား စေ့စေ့ကြည့်ကာ မေးလိုက်ပေမဲ့ ကို့မျက်နှာသည် သိသိသာသာပင် ညိုးငယ်နေခဲ့သည်။
YOU ARE READING
Our Dirty Little Secret
RomanceDescription ရေးရင် spoiler တွေပါမှာစိုးလို့မရေးတော့ပါဘူး ဒီ Fic လေးမှာ ML နှစ်ယောက်ပါမှာပါ Mature on ပြီး Adult Scene တချို့ပါဝင်တာမို့ Sensitive ဖြစ်လွန်းသော Innocent လွန်းသော အပြစ်ကင်းစင်လွန်းသောဘေဘီလေးများနဲ့ GEEK ကြီးတွေလည်းကျေးဇူးပြုပြီးကျော်...