" ကျွန်တော်ပုံမှန်ဆို USD 1200 ရမှရောင်းတာ
ဒီကောင်ကရှားတယ်
330 rds/min ရှိတယ် Hungary madeစစ်စစ်"လက်ထဲက
Forte VD.01 အမျိုးအစား pistol ကိုဘူးထဲထည့်ရင်း
ပိရိသေသပ်စွာပြုံးလိုက်သည်။သူ့အလုပ်သည်
လက်နက်ကိုင်အဖွဲ့ တွေအတွက် မှောင်ခိုလက်နက်သွင်းပေးရတဲ့အလုပ်မို့အများကြီးဝယ်သည့်တစ်ချို့ customer တွေကိုတော့ အထူးတလည် ဖားပြီးလက်ဆောင်ပေးရတာမျိုးရှိသည်။
" ခင်ဗျားပစ္စည်းတွေ တဘက်ခါရောက်မှာသေချာတယ်နော်"
" ပစ္စည်းမရောက်လာရင် ခင်ဗျားတို့လောက်ကိုင်ရောက်နေတဲ့ဆိုရာနဲ့ ဂျနဗီကိုပြန်မလွှတ်နဲ့ "
ပိုင်နိုင်သေချာစွာပြောတော့ တစ်ဖက်ကစရံငွေအဖြစ်
Luggage ခပ်သေးသေးတစ်လုံးကိုပစ်ပေးလိုက်သည်။သူဟာ သွက်လက်စွာပင် တစ်ဖက်မှ ကမ်းပေးလာသော ငွေသေတ္တာကိုဖွင့်ကာအုပ်ရေအလိုက်စစ်ယူလိုက်သည်။
လက်နက် carrier လုပ်ရာမှာ အမျိုးသမီးဖြစ်ခြင်းဟာ ရဲတွေသံသယဝင်မှုပိုနည်းတာမို့
ပစ္စည်း အပို့ ငွေအသိမ်း ကိစ္စတချို့အတွက် လုပ်ဖော်ကိုင်ဖက်အဖြစ်အမျိုးသမီးတွေကိုသာခိုင်းရသည်။ထိုထဲတွင်ဆိုရာနဲ့ ဂျနဗီသည် အားကိုးအရဆုံးသူတွေဖြစ်သည်။
အလုပ်ကိစ္စအားလုံးအတွက် လောက်ကိုင် မိုင်းလားနဲ့ ရွှေတြိဂံဘက်တွင် သူအဆင့်ဆင့် ချိတ်ဆက်ထားတဲ့ ချိတ်တွေရှိပြီး
သူ့အလုပ်က Deep web တွေမှတဆင့် ထိုင်းနယ်စပ်ထိရောက်အောင်ပစ္စည်းဝယ်ပေးဖို့သာဖြစ်သည်။
သူများလို ဂိုဏ်းဂဏအကြီးကြီးနဲ့ လှုပ်ရှားနေသူမဟုတ်သည့်တိုင်အောင် လက်နက်ကိုင်အဖွဲ့အားလုံးသည် သူ့ကိုအထင်မသေးရဲကြပါ
လည်လည်ဝယ်ဝယ်ရှိပေမဲ့သူတို့အားဂျင်းမထည့်တာမို့ တချို့ဂိုဏ်းကြီးတွေထက်ပင် သူဟာ review ကောင်းသော လက်နက်ပွဲစားဖြစ်သည်။
ရန်ကုန်ထဲတွင်တော့ အရောင်းအဝယ်ကိစ္စမှလွဲပြီးပစ္စည်းသိုလှောင်ထားခြင်းမျိုးဘယ်တော့မှမလုပ်ပါ။
YOU ARE READING
Our Dirty Little Secret
RomanceDescription ရေးရင် spoiler တွေပါမှာစိုးလို့မရေးတော့ပါဘူး ဒီ Fic လေးမှာ ML နှစ်ယောက်ပါမှာပါ Mature on ပြီး Adult Scene တချို့ပါဝင်တာမို့ Sensitive ဖြစ်လွန်းသော Innocent လွန်းသော အပြစ်ကင်းစင်လွန်းသောဘေဘီလေးများနဲ့ GEEK ကြီးတွေလည်းကျေးဇူးပြုပြီးကျော်...